လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ သရောတန်းကျေးရွာအုပ်စုတွင် (၇-၇-၂၀၁၉)ရက်နေ့၊ (၁၉:၃၀)နာရီအချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ(၅)လုံးအမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ(၁)လုံး သစ်ပင်ပိပြိုကျပျက်စီးခဲ့ရာ ပြိုကျနေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး(၁)အိမ်ထောင်စုစာနှင့် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ်(၉၀၀၀ဝိ/-)၊ အမိုးလန်နေအိမ်(၅)လုံးအတွက ်အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်(၂၅၀၀၀ဝိ/-)နှင့် လူဦးရေစုစုပေါင်း(၂၄)ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ်(၅၀၄၀ဝိ/-)၊စုစုပေါင်းထောက်ပံ့ငွေကျပ်(၃၉၀၄၀ဝိ/-)အား (၈-၇-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ygn_jul2019
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး