မိုးကြီးမည့်သတိပေးချက်အမှတ်စဉ်(၀၁/၂၀၁၉)

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်၊ မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်တွင် မိုးကြီးမည့်သတိပေးချက်ကို အောက်ပါအတိုင်းထုတ်ပြန်ထားပါသည်-

(က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံဘက်မှ တိုးဝင်လာသော မုတ်သုံလေဖိအားနည်းမြှောင်တန်းသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများကို ဖြတ်သန်းနေသည့်အတွက် ယနေ့နေ့လယ်မှ နောက်(၇၂) နာရီအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် ဒေသအလိုက် မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါသည်။

(ခ) စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် (၂၄) နာရီအတွင်း မိုးရေချိန် (၃) လက်မ (၇၇-မီလီမီတာ) နှင့်အထက် ရွာသွန်းနိုင်ပါသည်။

Sign Up

Upcoming Events