လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး တာဝန်ရှိသူများနှင့် သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘီးလင်းမြစ်ရေ လျှံမှုကြောင့် ကယ်ဆယ်ရေးစခန်း (၅) ခု ဖွင့်လှစ်ထားရှိခဲ့ရာ (၉-၇-၂၀၁၉) ရက်နေ့တွင် ကယ်ဆယ်ရေးစခန်း (၅) ခုသို့ ရောက်ရှိနေသော ကန်သာယာရပ်ကွက်နှင့် ဘိုးရာဇာရပ်ကွက်တို့မှ ရေဘေးသင့် အိမ်ထောင်စု (၁၆၁) စု၊ လူဦးရေ (၆၈၅) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁,၄၃၈,၅၀၀/-) ကျပ်တို့အား (၁၀-၇-၂၀၁၉) ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_fld
#mon_jul2019