Category Archives: News
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေကူမြို့၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်နှင့် ရွှေကူမြို့နယ်၊ တောပုန်းကျေးရွာတို့တွင် (၁၂-၇-၂၀၁၉) ရက်နေ့နှင့် (၁၃-၇-၂၀၁၉) ရက်နေ့တို့၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ယာယီပြောင်းရွှေ့စခန်းများဖြစ်ကြသော ရွှေကူမြို့၊ မြဝတီဘုန်းတော်ကြီးကျောင်း၊ သူဌေးတောရ ဘုန်းတော်ကြီးကျောင်း၊ အောင်တော်မူဘုန်းတော်ကြီးကျောင်းနှင့် ပုဗ္ဗာရုံဘုန်းတော်ကြီးကျောင်းသို့ အိမ်ထောင်စု (၄၆) စု၊ လူဦးရေ (၂၃၇) ဦးတို့သည် အသီးသီးပြောင်းရွှေ့နေထိုင်လျက်ရှိပြီး အဆိုပါ လူဦးရေ (၂၃၇) ဦးအတွက် … Read more
-
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ လူမှုဝန်ထမ်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ပြန်လည်နေရာချထားရေးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံမှုသတင်း
ဇူလိုင်၁၄၊မော်လမြိုင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် မိမိ၏ထမ်းဆောင်ရမည့် တာဝန်၊ လိုက်နာရမည့် စည်းကမ်း၊ စောင့်ထိန်းရမည့်ကျင့်ဝတ်တို့ကို သိရှိကြရန်လိုအပ်ကြောင်း၊ ပြည်နယ်အဆင့်တွင် ဌာနခွဲ အသီးသီး၏ တာဝန်များကို မခွဲခြားဘဲ လုပ်ဆောင်နေကြရသည်ကိုသိရှိပါကြောင်း၊ ဝန်ထမ်းတစ်ဦးချင်း အနေဖြင့် သတ်မှတ်ထားသော လုပ်ငန်းတာဝန်၊ Standard Operating Procedure များအလိုက်လိုက်နာ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အပြောင်းအလဲများဆောင်ရွက်ရာတွင် ပြည်သူများအတွက် အကောင်း ဆုံးဖြစ်အောင်၊ ပြည်သူ့ဆန္ဒနှင့် ကိုက်ညီအောင်ဖော်ဆောင်သွားကြရန် … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များ၊ သဘာဝဘေးကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးမှုသတင်း
ဇူလိုင်၁၄၊မော်လမြိုင် မွန်ပြည်နယ်အတွင်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ သဘာဝဘေး ကူညီကယ်ဆယ်ရေး အဖွဲ့ အစည်းအသီးသီးမှ အဖွဲ့ဝင်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေး၊ အရေးပေါ်တုန့်ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက် ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ဟင်္သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မွန်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုအဟန့်အတား ဖြစ်စေသည့် ဘေးအန္တရာယ်များကို စီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်ရန်ဥပဒေ၊ … Read more
-
ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၇-၂၀၁၉) ရက်နေ့တွင် ဖျာပုံမြို့၊ အ.ထ.က (၃) ကျောင်းနှင့် အ.ထ.က(၄)ကျောင်းများ၌ မနက်ပိုင်းနှင့် ညနေပိုင်းနှစ်ချိန်ခွဲ၍ သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ရာ အ.ထ.က (၃) ကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသား စုစုပေါင်း (၂၆၅) ဦး၊ အ.ထ.က (၄) ကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားစုစုပေါင်း (၅၇၅) ဦး တို့အား ဧရာဝတီတိုင်းဒေသကြီးတွင် အဖြစ်များသော မုန်တိုင်းဘေး၊ ဆူနာမီဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေးနှင့် … Read more
-
ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အမှတ်(၁၂)ရပ်ကွက်၊ အမှတ်(၆)နယ်မြေ၊ အုန်းခြံ၌ (၅-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်နေအိမ် (၃) လုံး ဘေးသင့်ခဲ့ရာ အဆိုပါ ဘေးသင့်နေအိမ်များအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ (၂၉,၃၀၀/-) ကျပ်တို့ကို (၁၂-၇-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jul2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြစ်ရေကြီးမှုအခြေအနေသတင်း
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ကသာမြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး လက်ရှိရေမှတ်မှ နောက်(၂) ရက်အတွင်း (၂)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ အကြံပြုချက် သို့ဖြစ်ပါ၍ ကသာမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူး သတိပြု နေထိုင်ကြပါရန် … Read more
-
မြစ်ရေကြီးခြင်းသတိပေးချက်
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
မြစ်ရေအခြေအနေများ
မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၁၄-၇-၂၀၁၉)ရက်နေ့ (၁၄:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေများ
-
ရေဘေးသင့်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင်(၁၁-၇-၂၀၁၉) ရက်နေ့မှ (၁၃-၇-၂၀၁၉) ရက်နေ့အထိ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ပေါက်ကုန်းရပ်ကွက်၊ ခွန်သာရပ်ကွက်၊ မင်းကျောင်းကုန်းရပ်ကွက်၊ အလယ်ရပ်ရပ်ကွက်ရှိ ရေဘေးပြောင်းရွှေ့အိမ်ထောင်စု (၁၅၀) စု၊ လူဦးရေ (၅၇၅) ဦးတို့သည် ဓမ္မိကာရုံဘုန်းကြီးကျောင်း၊ နတ်ကြီးစင်၊ သစ်စက်အနောက်၊ ရွှေကျောင်းဘုန်းကြီးကျောင်း၊ လေးထပ်ကျောင်း၊ မင်းစည်ကျောင်း၊ ပရဟိတဘုန်းကြီးကျောင်းတို့တွင်အသီးသီးယာယီပြောင်းရွှေလျက်ရှိပြီး ပြောင်းရွှေအိမ်ထောင်စု (၁၅၀) စု လူဦးရေ (၅၇၅) ဦးတ့ိုအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁,၂၀၇,၅၀၀/-) … Read more
-
ခန္တီးမြို့၊ မြစ်ရေကြီးမှုအခြေအနေနှင့် ဆင်ရေကျေးရွာ ရေဝင်ပြောင်းရွှေ့နေရမှုများအတွက် လိုက်လံကြည့်ရှုမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးခရိုင်/ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌတို့နှင့်အတူ (၁၄-၇-၂၀၁၉) ရက်နေ့တွင် ခန္တီးမြို့၊ မြစ်ရေကြီးမှုအခြေအနေ၊ ဆင်ရေကျေးရွာ၊ ရေဝင်ပြောင်းရွှေ့နေရမှုများအား လိုက်လံကြည့်ရှုခြင်းနှင့် ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်ပေး နိုင်ရေး တို့အား ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fld #sgg_jul2019









