ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

14 _ Pic _ 01 14 _ PIc _ 02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေကူမြို့၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်နှင့် ရွှေကူမြို့နယ်၊ တောပုန်းကျေးရွာတို့တွင် (၁၂-၇-၂၀၁၉) ရက်နေ့နှင့် (၁၃-၇-၂၀၁၉) ရက်နေ့တို့၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ယာယီပြောင်းရွှေ့စခန်းများဖြစ်ကြသော ရွှေကူမြို့၊ မြဝတီဘုန်းတော်ကြီးကျောင်း၊ သူဌေးတောရ ဘုန်းတော်ကြီးကျောင်း၊ အောင်တော်မူဘုန်းတော်ကြီးကျောင်းနှင့် ပုဗ္ဗာရုံဘုန်းတော်ကြီးကျောင်းသို့ အိမ်ထောင်စု (၄၆) စု၊ လူဦးရေ (၂၃၇) ဦးတို့သည် အသီးသီးပြောင်းရွှေ့နေထိုင်လျက်ရှိပြီး အဆိုပါ လူဦးရေ (၂၃၇) ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ (၇) ရက်စာ (၄၉၇,၇၀၀/-) ကျပ်တို့အား (၁၄-၇-၂၀၁၉) ရက်နေ့ နံနက် (၀၉းဝဝ) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးမှူး၊ လွှတော်အမှတ်များ၊ သက်ဆိုင်ရာဌာနများနှင့်အတူ ယာယီပြောင်းရွှေ့စခန်းသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_fld
#kcn_jul2019

Sign Up

Upcoming Events