ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း

13 _ Pic _ 01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၇-၂၀၁၉) ရက်နေ့တွင် ဖျာပုံမြို့၊ အ.ထ.က (၃) ကျောင်းနှင့် အ.ထ.က(၄)ကျောင်းများ၌ မနက်ပိုင်းနှင့် ညနေပိုင်းနှစ်ချိန်ခွဲ၍ သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ရာ အ.ထ.က (၃) ကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသား စုစုပေါင်း (၂၆၅) ဦး၊ အ.ထ.က (၄) ကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားစုစုပေါင်း (၅၇၅) ဦး တို့အား   ဧရာဝတီတိုင်းဒေသကြီးတွင် အဖြစ်များသော မုန်တိုင်းဘေး၊ ဆူနာမီဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေးနှင့် အခြားသော သဘာဝဘေးများအားလည်းကောင်း၊ ဆောင်ရန်/ရှောင်ရန် အချက်များကို ဗီဒီယိုပြကွက်များ၊ သရုပ်ပြပြကွက်များဖြင့်လည်းကောင်း ဟောပြောခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_jul2019

Source:           ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events