ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ လူမှုဝန်ထမ်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ပြန်လည်နေရာချထားရေးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံမှုသတင်း

ဇူလိုင်၁၄၊မော်လမြိုင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် မိမိ၏ထမ်းဆောင်ရမည့် တာဝန်၊ လိုက်နာရမည့် စည်းကမ်း၊ စောင့်ထိန်းရမည့်ကျင့်ဝတ်တို့ကို သိရှိကြရန်လိုအပ်ကြောင်း၊ ပြည်နယ်အဆင့်တွင် ဌာနခွဲ အသီးသီး၏ တာဝန်များကို မခွဲခြားဘဲ လုပ်ဆောင်နေကြရသည်ကိုသိရှိပါကြောင်း၊ ဝန်ထမ်းတစ်ဦးချင်း အနေဖြင့် သတ်မှတ်ထားသော လုပ်ငန်းတာဝန်၊ Standard Operating Procedure များအလိုက်လိုက်နာ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အပြောင်းအလဲများဆောင်ရွက်ရာတွင် ပြည်သူများအတွက် အကောင်း ဆုံးဖြစ်အောင်၊ ပြည်သူ့ဆန္ဒနှင့် ကိုက်ညီအောင်ဖော်ဆောင်သွားကြရန် လိုအပ်ကြောင်း၊ အစိုးရအနေဖြင့် ဦးတည်ချက် (၃) ရပ်ချမှတ်ကာ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခွင့်အလမ်းများ ကိုသာတူညီမျှခံစားရရှိရန်ဆောင်ရွက်လျက်ရှိကြောင်း၊ ပေးအပ်ထားသောတာဝန်များကိုလည်း ယခုထက် ပိုမိုတိုးတက် အောင်မြင်အောင်ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ဝန်ထမ်းများကတင်ပြရာတွင် လူငယ်သင်တန်းကျောင်းအတွင်း ဝန်ထမ်းအိမ်ရာလိုအပ်မှု၊ ခြံစည်း ရိုးကာရံရန်ကိစ္စ၊ ဘော်လုံးကွင်းလိုအပ်မှုအခြေအနေ၊ မူလတန်းကြိုကျောင်း တည်ထောင်ခွင့် ပြုမိန့်လုပ် ဆောင်ထားရှိမှု၊ လူမှုအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ထားရှိမှု၊ ဘက်စုံသုံး ဘေးဒဏ်ခံအဆောက်အဦ ဆောက်လုပ်နေမှုအခြေအနေများ အားတင်ပြရာ ပြည်ထောင်စု ဝန်ကြီးနှင့်တာဝန်ရှိသူတို့ညှိနှိုင်းဖြေရှင်းပေးခဲ့ကြပါသည်။
ယမန်နေ့ကလည်းပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်ကရင်ပြည်နယ်အတွင်းရှိလူမှုဝန်ထမ်းဦးစီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့်ပြန်လည်ထူထောင်ရေးဦးစီးဌာနမှဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပါသည်။တွေဆုံရာတွင်ပြည်ထောင်စုဝန်ကြီးကဝန်ကြီးဌာန၏မူဝါဒ၊ဦးစီးဌာနများ၏မူဝါဒများအလိုက်လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ကရင်ပြည်နယ်တွင်ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းမှမွေးဖွားသောကလေးအသက် (၂) နှစ်အထိငွေကြေးထာက်ပံ့သည့် အစီအစဉ်ကိုအကောင်အထည်ဖော် လျက်ရှိရာခံစားခွင့်ရှိသူ အားလုံးရရှိစေရန်အလေးထားစိစစ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊မိမိတို့၏လိုအပ်ချက်များကိုပွင့်ပွင့်လင်းလင်းဆွေးနွေးတင်ပြဆောင်ရွက်ကြစေလိုကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက်ဝန်ထမ်းများကဝန်ထမ်းဦးရေတိုးချဲ့ခန့်ထားနိုင်ရေး၊မူလတန်းကြိုကျာင်းများဖွင့်လှစ်နိုင်ရေးလိုင်စင်စိစစ်ချထားပေးမှုနှင့်၎င်းတို့၏လိုအပ်ချက်များကိုတင်ပြဆွေးကြရာပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများကဖြေရှင်းဆွေးနွေးပေးခဲ့ကြပါသည်။ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်ကရင်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနပြည်နယ်ဦးစီးမှုးရုံးနှင့်လူမှုဝန်ထမ်းဦးစီးဌာနပြည်နယ်ဦးစီးမှုးရုံးဆောက်လုပ်နေမှုအခြေအနေများကိုကြည့်ရှုခဲ့ပြီးလိုအပ်ချက်များကိုညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

Source: MSWRR

#hl1
#mon_jul2019
#krn_jul2019

Sign Up

Upcoming Events