
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင်(၁၁-၇-၂၀၁၉) ရက်နေ့မှ (၁၃-၇-၂၀၁၉) ရက်နေ့အထိ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ပေါက်ကုန်းရပ်ကွက်၊ ခွန်သာရပ်ကွက်၊ မင်းကျောင်းကုန်းရပ်ကွက်၊ အလယ်ရပ်ရပ်ကွက်ရှိ ရေဘေးပြောင်းရွှေ့အိမ်ထောင်စု (၁၅၀) စု၊ လူဦးရေ (၅၇၅) ဦးတို့သည် ဓမ္မိကာရုံဘုန်းကြီးကျောင်း၊ နတ်ကြီးစင်၊ သစ်စက်အနောက်၊ ရွှေကျောင်းဘုန်းကြီးကျောင်း၊ လေးထပ်ကျောင်း၊ မင်းစည်ကျောင်း၊ ပရဟိတဘုန်းကြီးကျောင်းတို့တွင်အသီးသီးယာယီပြောင်းရွှေလျက်ရှိပြီး ပြောင်းရွှေအိမ်ထောင်စု (၁၅၀) စု လူဦးရေ (၅၇၅) ဦးတ့ိုအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁,၂၀၇,၅၀၀/-) ကျပ်တို့အား (၁၄-၇-၂၀၁၉)ရက်နေ့ (၁၀း၀၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_fld
#kcn_jul2019