Category Archives: News
-
ကျောင်းသား/သူများအား ဘေး(၈)မျိုးနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရးနှင့်ပြန်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ ၁၅.၇.၂၀၁၉ ရက်နေ့ တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ပါလိုင်ကျောင်းတွင် တက်ရောက်သူကျောင်းသား/သူ (၂၀၀) ဦးအား ငလျင်ဘေး နှင့်အခြားဘေးများအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ဦးစီးဌာန၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းတာဝန်များ ၊ ဘေး(၈)မျိုးဆောင်ရန်ရှောင်ရန်များ၊ သဘာဝဘေး Videoများ ပြသခြင်း၊ လက်တွေ့ဆောင်ရွက်စေခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ပညာပေးဗီနိုင်းများ ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2019 Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး
-
စိုးရိမ်ရေမှတ်နှင့်အထက် ရောက်ရှိနေသောမြို့ (စခန်း) များနှင့် စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် နီးစပ်နေသော မြို့( စခန်း) များ၏ တစ်နာရီအတွင်း မြစ်ရေပြောင်းလဲမှုအခြေအနေများ
စိုးရိမ်ရေမှတ်နှင့်အထက် ရောက်ရှိနေသောမြို့ (စခန်း) များနှင့် စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် နီးစပ်နေသော မြို့( စခန်း) များ၏ တစ်နာရီအတွင်း မြစ်ရေပြောင်းလဲမှုအခြေအနေများ
-
Multi Purpose Shelter တည်ဆောက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းသွားရောက်စစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၇-၂၀၁၉) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးကျေးရွာ အုပ်စု၊ ကြိမ်ချောင်းကြီးကျေးရွာ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအစီအစဉ်ဖြင့် တည်ဆောက် လျက်ရှိနေသော Multi Purpose Shelter (၁) လုံး၏ (၇၅%) ပြီးစီးမှုအခြေအနေအား ဘိုကလေးမြို့နယ် တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီနှင့်အတူ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညွှန်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #ayy_jul2019
-
ကမ်းပြိုဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ အိုင်သပြုအုပ်စု၊ ကျောင်းကြီးပိုင်းကျေးရွာ၌ (၁၄-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀/-) ကျပ်တို့အား (၁၅-၇-၂၀၁၉) ရက်နေ့တွင် လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_rbe #ayy_jul2019
-
မုန်တိုင်းသဏ္ဍာန်တူဇာက်တိုတ်လေ့ကျင့်ခန်းများအား ကျေးရွာနေပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာ၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၇.၂၀၁၉)ရက်နေ့ နံနက်(၀၈း၀၀)နာရီအချိန်တွင် AVSIအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ရေတွင်းဆိပ်ကျေးရွာအုပ်စု၊ အရာတော်ကျေးရွာ၌ ဌာနဆိုင်ရာမှ(၃၅)ဦး၊ ကျေးရွာနေပြည်သူ(၇၀၀)ဦးတို့ဖြင့် မုန်တိုင်းသဏ္ဍာန်တူဇာက်တိုတ်လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #simex #ayy_jul2019 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး
-
ရေဝင်အိမ်ထောင်စုများအား ပြောင်းရွှေ့ပေးခြင်းနှင့် ရေဘေးသင့်လူဦးရေစာရင်းများ ကောက်ယူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၇-၂၀၁၉) ရက်နေ့တွင် ဧရာဝတီမြစ်ရေသည် ကသာမြို့၏ စိုးရိမ်ရေမှတ် (၁၀၄၀) စင်တီမီတာသို့ ရောက်ရှိနေပါသဖြင့် ကသာမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ ရေဝင် အိမ်ထောင်စုများအား ရေလွတ်ရာနေရာသို့ ပြောင်းရွှေ့ပေးခြင်း၊ ရေဘေးသင့် လူဦးရေစာရင်းများ ကောက်ယူခြင်း တို့ကို ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် သဘာဝဘေးကော်မတီတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fld #sgg_jul2019
-
သောက်သုံးရေလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါးလျက်ရှိသော ညောင်ဦးမြို့နယ်၊ တောရွာ ကျေးရွာအုပ်စု၊ တောရွာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၄၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၁၆၀၀) ကို (၁၅-၇-၂၀၁၉) ရက်နေ့တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး #ha_drg #mdy_jul2019
-
ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၇ -၂၀၁၉)ရက်နေ့တွင် မင်းကင်းမြို့နယ်ဈေးအတွင်း ရေဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_jul2019 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး
-
တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီး/ရေလျှံမှုများဖြစ်ပေါ်လျက်ရှိမှုအခြေအနေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိ
၂၀၁၉ခုနှစ်၊ ဇူလိုင်လအတွင်း၌ တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပွားလျက် ရှိရာ (၁၄-၇-၂၀၁၉) နေ့ အခြေအနေအရ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် အိမ်ထောင်စု (၂၀၃၅) စု၊ လူဦးရေ (၁၀၃၀၃) ဦး၊ ဆင်ဘိုမြို့တွင် အိမ်ထောင်စု (၂၆၃) စု၊ လူဦးရေ (၁၁၉၄) ဦး၊ ဝိုင်းမော်မြို့နယ်တွင် အိမ်ထောင်စု (၂၄၁)စု၊ လူဦးရေ (၁၆၉၄) ဦး၊ တနိုင်းမြို့နယ်တွင် အိမ်ထောင်စု (၁၄၆) စု၊ လူဦးရေ (၇၆၄) ဦး၊ ဆော့လော်မြို့နယ် … Read more
-
ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ ကျောက်ထုံးကြီး ကျေးရွာအုပ်စု၊ လက်ပံဇင်ကျွန်းကျေးရွာ နှင့် ပုလွေရွှေကျေးရွာအုပ်စု၊ ရေလည်ကျွန်းကျေးရွာတို့တွင်(4.7.2019)ရက်နေ့နှင့် (9.7.2019)ရက်နေ့တို့၌ ဧရာဝတီမြစ် ရေတိုက်စားမှုကြောင့် ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စု(၁၈)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁၈)အိမ် ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၈၀၀၀၀ဝိ/-)နှင့် လူဦးရေ(၈၂)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၁၇၂၂၀ဝိ/-)၊စုစုပေါင်း(၁၉၇၂၂၀ဝိ/-)တို့အား (14.7.2019)နေ့တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #sgg_jul2019 Source: ကသာခရိုင်ဦးစီးမှူးရုံး









