လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၇-၂၀၁၉) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးကျေးရွာ အုပ်စု၊ ကြိမ်ချောင်းကြီးကျေးရွာ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအစီအစဉ်ဖြင့် တည်ဆောက် လျက်ရှိနေသော Multi Purpose Shelter (၁) လုံး၏ (၇၅%) ပြီးစီးမှုအခြေအနေအား ဘိုကလေးမြို့နယ် တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီနှင့်အတူ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညွှန်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
#otr
#ayy_jul2019