လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၇-၂၀၁၉) ရက်နေ့တွင် ဧရာဝတီမြစ်ရေသည် ကသာမြို့၏ စိုးရိမ်ရေမှတ် (၁၀၄၀) စင်တီမီတာသို့ ရောက်ရှိနေပါသဖြင့် ကသာမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ ရေဝင် အိမ်ထောင်စုများအား ရေလွတ်ရာနေရာသို့ ပြောင်းရွှေ့ပေးခြင်း၊ ရေဘေးသင့် လူဦးရေစာရင်းများ ကောက်ယူခြင်း တို့ကို ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် သဘာဝဘေးကော်မတီတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_fld
#sgg_jul2019