လူမှုဝန်ထမ်း၊ ကယ်ဆယ်ရးနှင့်ပြန်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ ၁၅.၇.၂၀၁၉ ရက်နေ့ တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ပါလိုင်ကျောင်းတွင် တက်ရောက်သူကျောင်းသား/သူ (၂၀၀) ဦးအား ငလျင်ဘေး နှင့်အခြားဘေးများအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ဦးစီးဌာန၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းတာဝန်များ ၊ ဘေး(၈)မျိုးဆောင်ရန်ရှောင်ရန်များ၊ သဘာဝဘေး Videoများ ပြသခြင်း၊ လက်တွေ့ဆောင်ရွက်စေခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ပညာပေးဗီနိုင်းများ ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_jul2019
Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး