တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီး/ရေလျှံမှုများဖြစ်ပေါ်လျက်ရှိမှုအခြေအနေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိ

 

 

15 _ Pic _ 01 15 _ Pic _ 03၂၀၁၉ခုနှစ်၊ ဇူလိုင်လအတွင်း၌ တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပွားလျက် ရှိရာ (၁၄-၇-၂၀၁၉) နေ့ အခြေအနေအရ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် အိမ်ထောင်စု (၂၀၃၅) စု၊ လူဦးရေ (၁၀၃၀၃) ဦး၊ ဆင်ဘိုမြို့တွင် အိမ်ထောင်စု (၂၆၃) စု၊ လူဦးရေ (၁၁၉၄) ဦး၊ ဝိုင်းမော်မြို့နယ်တွင် အိမ်ထောင်စု (၂၄၁)စု၊ လူဦးရေ (၁၆၉၄) ဦး၊ တနိုင်းမြို့နယ်တွင် အိမ်ထောင်စု (၁၄၆) စု၊ လူဦးရေ (၇၆၄) ဦး၊ ဆော့လော်မြို့နယ် တွင် အိမ်ထောင်စု (၅) စု၊ လူဦးရေ (၂၉) ဦး၊ ဗန်းမော်မြို့နယ်တွင် အိမ်ထောင်စု (၁၅၀) စု၊ လူဦးရေ (၅၇၅)ဦး၊ ရွှေကူမြို့နယ်တွင် အိမ်ထောင်စု (၄၆) စု၊ လူဦးရေ (၂၃၇) ဦး၊ စုစုပေါင်းအိမ်ထောင်စု (၂၈၈၆) စု၊ လူဦးရေ (၁၄၇၉၆) ဦးတို့အား ယာယီရေဘေးရှောင်စခန်းများ သို့ပြောင်းရွှေ့ထားပါသည်။ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန (ရုံးချုပ်) မှ တာဝန်ရှိသူများကလည်း ကချင်ပြည်နယ် ရေဘေးကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို သွားရောက် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး (၁၄-၇-၂၀၁၉) ရက်နေ့တွင် ရေဘေးရှောင်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေ (၁၉၉) သိန်းကျော်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
အလားတူ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက် (၅) ခု၊ ကျေးရွာ (၄) ရွာသို့ ရေဝင်ရောက်ခဲ့သဖြင့် အိမ်ထောင်စု (၂၆၄) စုမှ လူဦးရေ (၁၂၂၇) ဦးအား ယာယီပြောင်းရွှေ့ထားပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေဝင်ရောက်မှုကြောင့် ခန္တီးမြို့နယ်တွင် အိမ်ထောင်စု (၁၃၁) စုမှ လူဦးရေ (၆၃၂) ဦးနှင့် ကသာမြို့နယ်တွင် အိမ်ထောင်စု (၁၂) စုမှ လူဦးရေ (၇၅) ဦးအား ပြောင်းရွှေ့ခဲ့ပါသည်။
အလားတူ ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မင်းပြားမြို့နယ်တွင် အိမ်ထောင်စု (၃၀၀) စု၊ လူဦးရေ (၁၃၉၅) ဦး၊ ကျောက်တော်မြို့နယ်တွင် အိမ်ထောင်စု (၈၃) စု၊ လူဦးရေ (၄၃၁) ဦး၊ မြောက်ဦးမြို့နယ်တွင် လူဦးရေ (၁၈၀၀) ဦးတို့အား ယာယီရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများသည် ရေဘေးကြောင့် ပြောင်းရွှေ့ရသည့် ရေဘေးရှောင် ပြည်သူများအတွက် လိုအပ်သည့် ထောက်ပံ့ကူညီမှုများကို သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့်ပူးပေါင်း၍ ထောက်ပံ့ဆောင်ရွက်လျက်ရှိပါသည်။
ပြည်သူများအနေဖြင့်လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်များ၊ ပညာရှင်များ၏ သုံးသပ်အကြံပြုချက်များကို အလေးထားဂရုပြုလိုက်နာရန်နှင့် အကူအညီလိုအပ်ပါက ဒေသအလိုက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးများသို့ဖြစ်စေ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန (ရုံးချုပ်) Hot Line နံပါတ်များဖြစ်သော ၀၆၇-၃၄၀၄၆၆၆၊ ၀၆၇-၃၄၀၄၇၇၇ သို့ဖြစ်စေ အကူအညီတောင်းခံနိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ နှိုးဆော်ထားပါသည်။

Source:Relief Section
#ha_fld
#npw_jul2019

Sign Up

Upcoming Events