လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ ကျောက်ထုံးကြီး ကျေးရွာအုပ်စု၊ လက်ပံဇင်ကျွန်းကျေးရွာ နှင့် ပုလွေရွှေကျေးရွာအုပ်စု၊ ရေလည်ကျွန်းကျေးရွာတို့တွင်(4.7.2019)ရက်နေ့နှင့် (9.7.2019)ရက်နေ့တို့၌ ဧရာဝတီမြစ် ရေတိုက်စားမှုကြောင့် ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စု(၁၈)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁၈)အိမ် ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၈၀၀၀၀ဝိ/-)နှင့် လူဦးရေ(၈၂)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၁၇၂၂၀ဝိ/-)၊စုစုပေါင်း(၁၉၇၂၂၀ဝိ/-)တို့အား (14.7.2019)နေ့တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#sgg_jul2019
Source: ကသာခရိုင်ဦးစီးမှူးရုံး