Category Archives: News
-
မြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၇-၂၀၁၉) ရက်နေ့တွင် မြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ရသော ကန့်ဘလူမြို့နယ်၊ မယ်ဇတောကျေးရွာအုပ်စု၊ မှန်သာကျေးရွာမှ လူနေအိမ် (၃) လုံး၊ လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၁,၀၀၀/-) ကျပ်တို့အား (၂၃-၇-၂၀၁၉) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fld #sgg_jul2019
-
ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ချောက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်၊ ချောက်မြို့၊ အမှတ် (၇) နယ်မြေ၊ ရွာဟောင်းရပ၊် အုပ်ဖိုရပ်နှင့် အမှတ် (၈) နယ်မြေ၊ ပုဂံစုရပ်တို့တွင် (၁၈-၇-၂၀၁၉) ရက်နေ့မှ (၂၀-၇-၂၀၁၉) ရက်နေ့အထိ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် လူနေအိမ်များ ရေနစ်မြုပ်ပြီး ပြောင်းရွှေ့အိမ်ထောင်စု (၅၅) စု၊ လူဦးရေ (၂၄၂) ဦးတို့အတွက် (၁) ဦးလျင် (၇) ရက်စာဖိုးငွေ (၅၀၈,၂၀၀/-) ကျပ််တို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ (၂၃-၇-၂၀၁၉) ရက်နေ့၊ နေ့လည် … Read more
-
ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဇူလိုင်လ (၂၃)ရက်နေ့တွင် ဖျာပုံမြို့နယ်၊ တမံကျေးရွာအုပ်စု၊ တမံကျေးရွာ အခြေခံပညာအထက််တန်းကျောင်းတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေး ဟောပြောပွဲကျင်းပခဲ့ရာ ကျောင်းသားကျောင်းသူများနှင့်ဆရာဆရာမများ(၄၂၀)ဦး တက်ရောက်ခဲ့ကြပြီး လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာတို့ကိုလည်း ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး
-
ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၇-၂၀၁၉) ရက်နေ့တွင် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ရုံးကြီးထောင့်၌ ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_fld #ayy_jul2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ် ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၇-၂၀၁၉)ရက်နေ့ (၁၀းဝဝ)နာရီမှ (၁၁း၃၀)နာရီအထိ ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်၊ ရပ်ကွက်(၇)ဓမ္မာရုံ၌ ရပ်ကွက်နေပြည်သူ/သားအင်အား(၁၀၀)ဦးအား သဘောဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် သဘာဝဘေးကြိုတင်သတိပေး DAN Mobile Application သုံးစွဲပုံ နည်းစနစ်များကိုရှင်းလင်းပြောကြားခဲ့ပြီး တယ်လီဖုန်းများထဲသို့ DAN Mobile Applicationထည့်သွင်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_jul2019 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိ်ုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ်၊ နံ့သာကျေးရွာအုပ်စု၊ ကျအိုးကျေးရွာ၌ (၂၁-၇-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်ပြီး သစ်ပင်ပြိုလဲကျမှုကြောင့် ဘေးသင့် ပြိုကျပျက်စီးအိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၄) မျိုး၊ လူဦးရေ (၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ဒဏ်ရာရလူနာ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်တို့အား (၂၂-၇-၂၀၁၉) ရက်နေ့တွင် ပေါက်မြို့နယ်၊ … Read more
-
Multi Purpose Shelter တည်ဆောက်ပြီးစီးမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၇-၂၀၁၉) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ပက်ပြဲကျေးရွာ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တည်ဆောက်နေသည့် Multi Purpose Shelter (၇၅%) ပြီးစီးမှုအခြေအနေများအား ဖျာပုံမြို့နယ် Shelter တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီအဖွဲ့နှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #ayy_jul2019
-
မီးဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ မှိုကုန်းကျေးရွာအုပ်စု/တောင်ပိုင်း၌ (၁၈-၇-၂၀၁၉) ရက်နေ့၊ (၁၉းဝ၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀/-) ကျပ်နှင့် ဒဏ်ရာရလူနာ (၂) ဦးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်တို့အား (၂၂-၇-၂၀၁၉) ရက်နေ့တွင် … Read more
-
ရေဝင်ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
(၁၉-၇-၂၀၁၉) ရက်နေ့မှ (၂၁-၇-၂၀၁၉) ရက်နေ့အထိ ဧရာဝတီမြစ်ရေကြီးမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်း ရပ်ကွက် ကျေးရွာအုပ်စု (၁၃) ခုမှ ရေဝင်ပြောင်းရွှေ့အိမ်ထောင်စု (၂၀၂၄) စု၊ လူဦးရေ (၈၈၃၀) ဦးတို့အား (၂၂-၇-၂၀၁၉) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန် ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး၊ စာရင်းစစ်ချုပ်၊ တိုင်းဥပဒေချုပ်တို့နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဦးစီးမှူးတို့မှ ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၁၈,၅၄၃,၀၀၀/-) ကျပ်တို့အား သက်ဆိုင်ရာ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း … Read more
-
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ ပူးပါင်းကာ ကူညီထောက်ပံ့မှုများဆောင်ရွက်လျက်ရှိ
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး ဧရာဝတီ မြစ်ရေ မြင့်တက်မှုကြောင့် ကချင်ပြည်နယ်အတွင်း မြို့နယ်အချို့၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး လူဉီးရေ (၂၂၀၀၀) ခန့်ကို ယာယီရေဘေးရှောင်နေရာများသို့ ပြောင်းရွှေ့ခဲ့ရကြောင်းနှင့် ယခုအခါ၌ ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူမြို့တို့၌ စိုးရိမ်ရေအမှတ်အောက်သို့ ကျဆင်းသွားပြီဖြစ်ပြီး ရေဘေးရှောင်ပြည်သူများမှာလည်း ၎င်းတို့၏ နေအိမ်များသို့ ပြန်လည် ပြောင်းရွှေ့ကြပြီဖြစ်ကြောင်း သိရှိရပါသည်။ ဧရာဝတီမြစ်ရေသည် အဆိုပါမြို့များတွင် စိုးရိမ်ရေအမှတ်အောက်သို့ ပြန်လည်ကျဆင်း သွားပြီဖြစ်သော်လည်း (၂၂-၇-၂၀၁၉) နေ့အခြေအနေအရ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ … Read more









