(၁၉-၇-၂၀၁၉) ရက်နေ့မှ (၂၁-၇-၂၀၁၉) ရက်နေ့အထိ ဧရာဝတီမြစ်ရေကြီးမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်း ရပ်ကွက် ကျေးရွာအုပ်စု (၁၃) ခုမှ ရေဝင်ပြောင်းရွှေ့အိမ်ထောင်စု (၂၀၂၄) စု၊ လူဦးရေ (၈၈၃၀) ဦးတို့အား (၂၂-၇-၂၀၁၉) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန် ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး၊ စာရင်းစစ်ချုပ်၊ တိုင်းဥပဒေချုပ်တို့နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဦးစီးမှူးတို့မှ ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၁၈,၅၄၃,၀၀၀/-) ကျပ်တို့အား သက်ဆိုင်ရာ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ha_fld
#sgg_jul2019