လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၇-၂၀၁၉) ရက်နေ့တွင် မြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ရသော ကန့်ဘလူမြို့နယ်၊ မယ်ဇတောကျေးရွာအုပ်စု၊ မှန်သာကျေးရွာမှ လူနေအိမ် (၃) လုံး၊ လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၁,၀၀၀/-) ကျပ်တို့အား (၂၃-၇-၂၀၁၉) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_fld
#sgg_jul2019