လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ် ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၇-၂၀၁၉)ရက်နေ့ (၁၀းဝဝ)နာရီမှ (၁၁း၃၀)နာရီအထိ ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်၊ ရပ်ကွက်(၇)ဓမ္မာရုံ၌ ရပ်ကွက်နေပြည်သူ/သားအင်အား(၁၀၀)ဦးအား သဘောဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် သဘာဝဘေးကြိုတင်သတိပေး DAN Mobile Application သုံးစွဲပုံ နည်းစနစ်များကိုရှင်းလင်းပြောကြားခဲ့ပြီး တယ်လီဖုန်းများထဲသို့ DAN Mobile Applicationထည့်သွင်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mon_jul2019
Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး