စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ ပူးပါင်းကာ ကူညီထောက်ပံ့မှုများဆောင်ရွက်လျက်ရှိ

 

8 7 6 5 22 9 3 1 27 15 26 12 16 14 13 11 24 10 20 23၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး ဧရာဝတီ မြစ်ရေ မြင့်တက်မှုကြောင့် ကချင်ပြည်နယ်အတွင်း မြို့နယ်အချို့၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး လူဉီးရေ (၂၂၀၀၀) ခန့်ကို ယာယီရေဘေးရှောင်နေရာများသို့ ပြောင်းရွှေ့ခဲ့ရကြောင်းနှင့် ယခုအခါ၌ ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူမြို့တို့၌ စိုးရိမ်ရေအမှတ်အောက်သို့ ကျဆင်းသွားပြီဖြစ်ပြီး ရေဘေးရှောင်ပြည်သူများမှာလည်း ၎င်းတို့၏ နေအိမ်များသို့ ပြန်လည် ပြောင်းရွှေ့ကြပြီဖြစ်ကြောင်း သိရှိရပါသည်။

ဧရာဝတီမြစ်ရေသည် အဆိုပါမြို့များတွင် စိုးရိမ်ရေအမှတ်အောက်သို့ ပြန်လည်ကျဆင်း သွားပြီဖြစ်သော်လည်း (၂၂-၇-၂၀၁၉) နေ့အခြေအနေအရ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူမြို့တို့၌ စိုးရိမ်ရေအမှတ်အထက်တွင် ဆက်လက်တည်ရှိနေပြီး စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်လျက် ရှိပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏လမ်းညွှန်မှုဖြင့် တိုင်းဒေသ ကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့်ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပါသည်။

(၂၂-၇-၂၀၁၉) နေ့ ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ဉီးဆောင်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ တံတားဉီးမြို့နယ်ရှိ တိဿမာန်အောင် ဓမ္မာရုံသို့ရောက်ရှိကာ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး ရေဘေး တုံ့ပြန်ဆောင်ရွက်ရေးအခြေအနေများကို ရှင်းလင်းဆွေးနွေးပြီးနောက် တံတားဉီး မြို့နယ်မှ ရေဘေးရှောင်ပြည်သူ(၁၀၀၄၃)ဉီးတို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးငွေ ကျပ်သိန်း (၂၁၀) ကျော်ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

အလားတူ နေ့လည်ပိုင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်  လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဉီးမိုးကျော်သူ ဉီးဆောင်၍ တိုင်းဒေသကြီး ဉပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ ဧမြဝတီ၊ ဒါးဝယ်ဈေး၊ပန်းပဲတန်း၊ ထုံးဘို၊ သောတာပန် ရပ်ကွက်များရှိယာယီ ရေဘေးခိုလှုံရာနေရာများသို့ရောက်ရှိပြီး လက်ရှိဖြစ်ပေါ်လျက်ရှိသည့် ရေကြီးရေလျှံမှုများ နှင့်ပတ်သက်၍ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး ရေဘေးရှောင်ပြည်သူများကို အားပေးစကားပြောကြားကာ စစ်ကိုင်းမြို့နယ်အတွင်းရှိ ရေဘေး ရှောင်ပြည်သူ (၈၈၃၀) ဉီးတို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထား ရေးဝန်ကြီးဌာနမှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးငွေ (၁၈၅) သိန်းကျော်ကို ထောက်ပံ့ပေးခဲ့ပါ သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း တိုင်းဒေသကြီး/ပြည်နယ် (၈) ခုတွင် ရေကြီးရေလျှံမှုများကြောင့် ပြောင်းရွှေ့ပြည်သူများအတွက် ဆန်ရိက္ခာဖိုး၊ ပျက်စီးနေအိမ်များအတွက် အိမ်ဆောက်ပစ္စည်းဖိုး အပါအဝင် စုစုပေါင်း ကျပ် (၁၃၇၄) သိန်းကျော် ထောက်ပံ့ပြီးဖြစ်ကြောင်းနှင့် ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ် ဇူလိုင်၊ ဩဂုတ်လတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ် လေ့ရှိပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဉီးစီးဌာနမှ (၂၂-၇-၂၀၁၉) နေ့တွင် ထုတ်ပြန်သည့် မြစ်ရေအခြေအနေများကို လေ့လာမှုအရလည်း ဧရာ၀တီမြစ်ရေသည် ပခုက္ကူ၊ ညောင်ဉီး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်မြို့များတွင် စိုးရိမ်ရေ အမှတ်သို့ မရောက်ရှိသော်လည်း ဆက်လက်မြင့်တက်နေသည့် အခြေအနေရှိနေပါသဖြင့် မြစ်ကမ်းပါးအနီးနေထိုင်သူများ၊ အနိမ့်ပိုင်းနေရာများတွင် နေထိုင်သူများအနေဖြင့် ပိုမိုဂရုပြု နေထိုင်နိုင်ကြပါရန်နှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန် ချက်များ၊ ပညာရှင်များ၏ သုံးသပ်အကြံပြုချက်များကို အလေးထားဂရုပြုလိုက်နာနိုင်ပါရန်၊ အကူအညီလိုအပ်ပါက ဒေသအလိုက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးများသို့ ဖြစ်စေ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန (ရုံးချုပ်) Hot Line နံပါတ်များဖြစ်သော ၀၆၇-၃၄၀၄၆၆၆၊၀၆၇-၃၄၀၄၇၇၇ သို့ဖြစ်စေ အကူအညီတောင်းခံနိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ နှိုးဆော်ထားပါသည်။

#ha_fld

#npw_jul2019

Source: Relief Section

Sign Up

Upcoming Events