လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ချောက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်၊ ချောက်မြို့၊ အမှတ် (၇) နယ်မြေ၊ ရွာဟောင်းရပ၊် အုပ်ဖိုရပ်နှင့် အမှတ် (၈) နယ်မြေ၊ ပုဂံစုရပ်တို့တွင် (၁၈-၇-၂၀၁၉) ရက်နေ့မှ (၂၀-၇-၂၀၁၉) ရက်နေ့အထိ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် လူနေအိမ်များ ရေနစ်မြုပ်ပြီး ပြောင်းရွှေ့အိမ်ထောင်စု (၅၅) စု၊ လူဦးရေ (၂၄၂) ဦးတို့အတွက် (၁) ဦးလျင် (၇) ရက်စာဖိုးငွေ (၅၀၈,၂၀၀/-) ကျပ််တို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ (၂၃-၇-၂၀၁၉) ရက်နေ့၊ နေ့လည် (၁၂းဝဝ) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_fld
#mgy_jul2019