Category Archives: News
-
သဘာဝဘေးအသိပညာပေးဟြေပြောခြင်းနှင့် DAN Mobile အသုံးပြုပုံ/နည်းများအား ရှင်းလင်းပြောကြားမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၇-၂၀၁၉) ရက်နေ့၊ နံနက် (၁၀း၀၀) မှ (၁၂း၀၀) နာရီ အချိန်ထိ တာချီလိတ်မြို့ မဲခေါင်ရပ်ကွက်၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း၌ဖွင့်လှစ်သည့်” အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ် (၈၁)” နှင့် “အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၅၁)” ၌ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ အဆိုပါဟောပြောပွဲတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏သက်ရောက်မှုများကြောင့် ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များ သဘာဝဘေး အန္တရာယ်များအကြောင်း ဘေးအန္တရာယ်မဖြစ်ပွားမီ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များ ဆွေးနွေးဟောပြောခဲ့ပြီး … Read more
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျိုက်မရောမြို့နယ်၊ ကော့ဘွီးကျေးရွာအုပ်စု၊ ကော့ဘွီးကျေးရွာ၌ (၂၄-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး လူနေအိမ် (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၄၄,၀၀၀/-) ကျပ်နှင့် လူဦးရေ (၂၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆၀,၉၀၀/-) ကျပ်တို့အား (၂၄-၇-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #mon_jul2019
-
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင် အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC) တို့၏ ဒုတိယအကြိမ်တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
ဇူလိုင်၂၄၊နေပြည်တော် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင် အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများအား ကူညီ စောင့်ရှောက်ရေးကော်မတီ (KHCC) တို့၏ ဒုတိယအကြိမ်တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်း၊ လူမှုရေးဝန်ကြီးဦးနေဝင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီးထွန်းနေလင်း ညွှန်ကြားရေးမှူးချုပ်များနှင့် လုပ်ငန်းအဖွဲ့၏အဖွဲ့ဝင်များ၊ ကချင်ဒေသစစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC)မှ ဒုဥက္ကဌ(၁) ဖာသာရ်ပေါလ် အောင်ဒန်း၊ … Read more
-
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ၏ (၂/၂၀၁၉) ညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
ဇူလိုင်၂၄၊နေပြည်တော် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ၏ (၂/၂၀၁၉) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ အဆိုပါ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အမှာစကားပြောကြား ပါသည်။ ပြည်ထောင်စုဝန်ကြီးက ယခုအစည်းအဝေးသည် ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးဖြစ်ပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရန်ကော်မတီကို ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန် (၁၀) ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပထမ အကြိမ်အစည်းအဝေး၏ … Read more
-
ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမုှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုု မြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊အောင်ပန်းချောင်းကျေးရွာတွင် (၂၄.၇.၂၀၁၉)ရက်နေ့၊ (၁၁း၃၀)အချိန်၌ ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ နေအိမ်(၂) လုံး၊ အိမ်ထောင်စု(၂)စု၊ စုစုပေါင်းလူဦးရေ(၈)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၁၆၈၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀ဝိ/- )၊ စုစုပေါင်း(၂၁၆၈၀ဝိ/-)ကျပ်အား (၂၄.၇.၂၀၁၉)ရက်နေ့တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ အောင်ပန်းချောင်းကျေးရွာအုပ်ချ ုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_jul2019 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး
-
လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်အတွင်း တောင်သာကျေးရွာအုပ်စု၊ ဂွကြားကျေးရွာ၌ (၂၄-၇-၂၀၁၉) ရက်နေ့၊ (၀၂း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၈,၉၀၀/-) ကျပ်တို့အား (၂၄-၇-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ … Read more
-
ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ သက္ကယ်ပြင်(သံ) ကျေးရွာအုပ်စု၊ ကညင်ရိုးကျေးရွာ၌ (၂၂-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးနှင့် နောက်မီးအုပ်စု၊ ကြို့ကုန်းကျေးရွာတို့၌ (၂၃-၇-၂၀၁၉) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ခြေ (၅) လုံး၊ အိမ်ထောင်စု (၅) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၂၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၅၀,၄၀၀/-) ကျပ်တို့အား (၂၄-၇-၂၀၁၉) ရက်နေ့တွင် တာဝန်ရှိသူများနှင့်အတူ … Read more
-
ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ပြောင်းရွှေ့ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေများထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် မကွေးမြို့နယ်၊ မြေနုကျေးရွာအုပ်စု၊ မြေနုကျေးရွာတွင် (၂၃-၇-၂၀၁၉) ရက်နေ့နှင့် (၂၄-၇-၂၀၁၉)ရက်နေ့ ၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးသင့် အိမ်ခြေ(၈၅)လုံး၊ အိမ်ထောင်စု(၈၇)စု၊ လူဦးရေ (၃၀၈) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၆၄,၆၈၀၀/-) ကျပ်အား (၂၄-၇-၂၀၁၉) ရက်နေ့တွင် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ # ha¬_fld # mgy_jul 2019 … Read more
-
Multi purpose Shelter ဆောက်လုပ်မှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခြင်းဆောက်လုပ်မှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသုများသည် ဇူလိုင်လ(၂၄)ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ မဂူကျေးရွာအုပ်စု၊ မြစ်ပိုးကျုံစိန်ကျေးရွာတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် တည်ဆောက်နေသည့် Multi purpose shelter ၏ ရ၅% ပြီးစီးနေမှုအခြေအနေအား ဘိုကလေးမြို့နယ် shelter တည်ဆောက်ရေးလုပ်ငန်းကြပ်ကြပ်မှု ကော်မတီအဖွဲ့နှင့် အတူကွင်းဆင်းသွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ayy_jul2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး
-
ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့ရသော အိမ်ထောင်စုများအားထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဋ္ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေးမျက်နှာမြို့နယ်၊ ယင်းဆယ်ကျေးရွာအုပ်စု ၊ ယင်းဆယ်ကျေးရွာတွင်(၂၃-၇-၂၀၁၉)နေ့ ကမ်းပြိုဘေးသင့် အိမ်ခြေ(၃)လုံး၊ ၄င်းအိမ်ထောင်စု(၃)စုရှိ လူဦးရေ(၁၇)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀ဝိ/)ကျပ်၊ ဆန်ရိက္ခာဖိုး(၃၅၇၀ဝိ)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၃၃၅၇၀ဝိ/)ကျပ်အား (၂၄-၇- ၂၀၁၉) ရက်နေ့တွင် လေးမျက်နှာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပ့ံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_jul2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး









