လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် မကွေးမြို့နယ်၊ မြေနုကျေးရွာအုပ်စု၊ မြေနုကျေးရွာတွင် (၂၃-၇-၂၀၁၉) ရက်နေ့နှင့် (၂၄-၇-၂၀၁၉)ရက်နေ့ ၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးသင့် အိမ်ခြေ(၈၅)လုံး၊ အိမ်ထောင်စု(၈၇)စု၊ လူဦးရေ (၃၀၈) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၆၄,၆၈၀၀/-) ကျပ်အား (၂၄-၇-၂၀၁၉) ရက်နေ့တွင် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
# ha¬_fld
# mgy_jul 2019
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)