လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ၏ (၂/၂၀၁၉) ညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း

ဇူလိုင်၂၄၊နေပြည်တော်
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ၏ (၂/၂၀၁၉) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ အဆိုပါ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အမှာစကားပြောကြား ပါသည်။
ပြည်ထောင်စုဝန်ကြီးက ယခုအစည်းအဝေးသည် ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးဖြစ်ပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရန်ကော်မတီကို ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန် (၁၀) ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပထမ အကြိမ်အစည်းအဝေး၏ အရေးကြီးသောဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ UNCTFMR နှင့်ပူးပေါင်းတွေ့ဆုံ ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကုလသမဂ္ဂမှပေးပို့သော ကလေးသူငယ်များအပေါ် သေကြေ ထိခိုက်ဒဏ်ရာရစေမှုအား အဆုံးသတ်စေရေးနှင့် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများအား အဆုံးသတ်စေရေး ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းစီမံချက် (၂) ရပ်ကို ပေါင်းစပ်ရေးဆွဲရန်သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့ အစည်းများ၏ သဘောထားမှတ်ချက်များတောင်းခံထားပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံချက်အကောင် အထည်ဖော်ရာတွင်အချိန်တစ်ခုသတ်မှတ်၍ UNCTFMR နှင့်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နိုင် ရန်ရှိပါကြောင်း နှင့် ယခုလုပ်ငန်းစီမံချက်ကိုဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုပါကြောင် းပြောကြားပါသည်။
ဆက်လက်၍ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်သေကြေ ထိခိုက်ဒဏ်ရာရ စေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများမှ ဟန့်တားကာကွယ်ရေး အမျိုးသားအဆင့် တိုင်ကြားမှုယန္တရားအကောင်အထည်ဖော်ရေးလုပ်ငန်းစီမံချက်(မူကြမ်း) ရေးဆွဲထားမှုအား ပြန်လည် ထူထောင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြပါသည်။
ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူ များက လုပ်ငန်းစီမံချက်(မူကြမ်း)နှင့်ပတ်သက်၍ လိုအပ်သောအချက်အလက်များကို အကြံပြုဆွေးနွေး ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများကဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။ အစိုးရကဦးဆောင်၍ ရေးဆွဲပြီးသောစီမံချက်မူကြမ်းကို သက်ဆိုင်ရာကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းပြီး ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#hl1
#npw_jul2019

Source: MSWRR

Sign Up

Upcoming Events