ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

 

 

24_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမုှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုု မြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊အောင်ပန်းချောင်းကျေးရွာတွင် (၂၄.၇.၂၀၁၉)ရက်နေ့၊ (၁၁း၃၀)အချိန်၌ ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ နေအိမ်(၂) လုံး၊ အိမ်ထောင်စု(၂)စု၊ စုစုပေါင်းလူဦးရေ(၈)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၁၆၈၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀ဝိ/- )၊ စုစုပေါင်း(၂၁၆၈၀ဝိ/-)ကျပ်အား (၂၄.၇.၂၀၁၉)ရက်နေ့တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ အောင်ပန်းချောင်းကျေးရွာအုပ်ချ ုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe

#mgy_jul2019

Source:         ရေစကြိုမြို့နယ်ဦးစီးမှူးရုံး

Sign Up

Upcoming Events