လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၇-၂၀၁၉) ရက်နေ့၊ နံနက် (၁၀း၀၀) မှ (၁၂း၀၀) နာရီ အချိန်ထိ တာချီလိတ်မြို့ မဲခေါင်ရပ်ကွက်၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း၌ဖွင့်လှစ်သည့်” အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ် (၈၁)” နှင့် “အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၅၁)” ၌ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ အဆိုပါဟောပြောပွဲတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏သက်ရောက်မှုများကြောင့် ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များ သဘာဝဘေး အန္တရာယ်များအကြောင်း ဘေးအန္တရာယ်မဖြစ်ပွားမီ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များ ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ်နေထိုင်ရမည့် အနေအထားကို လက်တွေ့သရုပ်ပြသခြင်း၊ ဘေးအမျိုး အစားအလိုက် ဘေးကျရောက်လာပါက တုံ့ပြန်ဆောင်ရွက်သည့်အနေအထားများကို ဂိမ်းများကစားခြင်းဖြင့် ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သဘာဝဘေးကြိုတင်သတိပေး DAN Mobile Application အသုံးပြုပုံနည်းစနစ်များကို ရှင်းလင်းပြောကြားခြင်း၊ တယ်လီဖုန်းများထဲသို့ထည့်သွင်းပေးခြင်းဖြင့် သင်တန်းသူ စုစုပေါင်း (၆၀) ဦးအား ဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#shn_jul2019