Category Archives: News
-
ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်၊ ချောက်မြို့၊ အမှတ် (၁၄) ရပ်ကွက်၌ (၂၂-၇-၂၀၁၉) ရက်နေ့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ရေနစ်မြုပ် ပြောင်းရွှေ့အိမ်ထောင်စု (၂) စု၊ လူဦးရေ (၁၃) ဦးတို့ အတွက် ဆန်ရိက္ခာဖိုးငွေ (၂၇,၃၀၀/-) ကျပ်တို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၂၅-၇-၂၀၁၉) ရက်နေ့၊ နေ့လည် (၁၃းဝဝ) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fld #mgy_jul2019
-
သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်သဘာဝဘေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ (၂၅-၇-၂၀၁၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ ကော့စံနိုင်ရပ်ကွက်၊ အ.ထ.က (၂) ကျောင်း၌ ကျောင်းသား/ကျောင်းသူဦးရေ (၂၅၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ရာ ကျောင်းသား/ ကျောင်းသူများမှ စိတ်ဝင်စားစွာ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_jul2019
-
တင်ဒါလျှောက်လွှာ စိစစ် စစ်ဆေးမည့် အစည်းအဝေးကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၇.၂၀၁၉)ရက်နေ့ နံနက် (၉:၃၀)အချိန်တွင် တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကျွန်းတောစုကျေးရွာသစ်တွင် ရွာတွင်း-ရွာပြင်လမ်း (၃/၂.၂မိုင်× ၁၈’×၈”)ရှိ ကျောက်ရောမြေခင်းခြင်းလုပ်ငန်း၏ တင်ဒါလျှောက်လွှာအား စိစစ် စစ်ဆေးမည့်ညှိနှိုင်းအစည်းအဝေးအား ပဲခူးတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #bgo_jul2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၁၉) ရက်နေ့ (၁၀:၀၀) မှ (၁၂:၀၀) နာရီအချိန်ထိ ကျိုင်းတုံမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျောင်းသား/သူ (၁၂၀) ဦးဖြင့် ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏ သက်ရောက်မှုများကြောင့် ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်များအကြောင်း ဘေးအန္တရာယ်မဖြစ်ပွားမီ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များ ကိုဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း လက်ကမ်းစာစောင်များဖြန့်ဝေ ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more
-
ရေဘေးကာကွယ်ရေး အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှုစီမံချက် လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၇.၂၀၁၉) ရက်နေ့ နံနက်(၁၀း၃၀)နာရီအချိန်တွင် မိုးညိုမြိုနယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ရေဘေးကာကွယ်ရေးတာများ၏ အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှုစီမံချက် လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ကျင်းပခဲ့ပြီး မိုးညိုမြို့နယ်အတွင်း ဧရာဝတီမြစ်ရေနှင့် မြစ်မခမြစ်ရေ မြင့်တက်လာမှုကြောင့် တာများကျိုးပေါက်မှုနှင့် ပျက်စီးမှုမရှိစေရေး၊ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးတို့နှင့်ပတ်သက်၍ ပြုလုပ်ရမည့် လုပ်ငန်းစဉ်များ၊ ချိတ်ဆက်ဆောင်ရွက်ရမည့် အခြေအနေများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများကို တာကင်းတဲများတွင် ကြီးကြပ်ရေးမှူးအဖြစ် တာဝန်ပေးချထားမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဆည်/မြောင်းဦးစီးဌာန၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများ … Read more
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးမြို့နယ်၊ ထုံးမကြီးကျေးရွာတွင် (၂၄-၇-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့်အိမ်ထောင်စု (၂၀) စုမှ လူဦးရေ (၆၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ စုစုပေါင်းထောက်ပံ့ငွေ (၁၄၂,၈၀၀/-) ကျပ်တို့အား (၂၅-၇-၂၀၁၉) ရက်နေ့ (၁၂း၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fld #mgy_jul2019
-
လေဘေသင့် အိမ်ထောင်စုများအားထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ လက်ပံတောကျေးရွာအတွင်း (၂၄.၇.၂၀၁၉)ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် အမိုးသွပ်လန်ပျက်စီးခဲ့သည့် လူနေအိမ်(၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၉၀,၀၀ဝိ/-)၊ လူဦးရေ (၄၅)ဦးတို့အတွက် (၇)ရက်စာဆန်ဖိုးငွေ (၉၄,၅၀ဝိ/-)၊ စုစုပေါင်း(၃၈၄,၅၀ဝိ/-)အား ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ခြင်းနှင့် ၎င်းကျေးရွာမှ ပြည်သူများအား သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ (DAN) Mobile Application ဖြန့်ဝေခြင်းများအား (၂၄.၇.၂၀၁၉)ရက်နေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mon_jul2019 Source: သထုံခရိုင်ဦးစီးမှူးရုံး
-
လေဘေးထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ပန်းတောင်းမြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်တွင် (၂၃-၇-၂၀၁၉) ရက်နေ့ (၁၄း၃၀)အချိန် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ရာ ဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၈)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ (၁၆,၈၀ဝိ/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀ဝိ/-)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၁၆,၈၀ဝိ/-)ကို (၂၄-၇-၂၀၁၉)ရက်နေ့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mdy_jul2019 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကံမမြို့နယ်၊ ရပ်ကွက် (၂) ရပ်ကွက်၌် (၂၃-၇-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်ခန့်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကံမမြို့နယ်၊ အမှတ် (၂) ရပ်ကွက်ရှိ လူနေအိမ် (၃၆) လုံး၊ အိမ်ထောင်စု (၃၆) စု၊ ရေဘေးသင့်လူဦးရေ (၁၄၂) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၉၈,၂၀၀/-) ကျပ်တို့အား (၂၄-၇-၂၀၁၉) ရက်နေ့တွင် ကံမမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်မြို့နယ်၊ သီရိမင်္ဂလာရပ်ကွက်နှင့် သီရိမြိုင်ရပ်ကွက်တို့၌ (၂၄-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး လူနေအိမ် (၁၆) လုံးနှင့် လူဦးရေ (၇၃) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ စုစုပေါင်း (၅၇၃,၃၀၀/-) ကျပ် တို့အား (၂၄-၇-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #mon_jul2019









