ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်၊ ချောက်မြို့၊ အမှတ် (၁၄) ရပ်ကွက်၌ (၂၂-၇-၂၀၁၉) ရက်နေ့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ရေနစ်မြုပ် ပြောင်းရွှေ့အိမ်ထောင်စု (၂) စု၊ လူဦးရေ (၁၃) ဦးတို့ အတွက် ဆန်ရိက္ခာဖိုးငွေ (၂၇,၃၀၀/-) ကျပ်တို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၂၅-၇-၂၀၁၉) ရက်နေ့၊ နေ့လည် (၁၃းဝဝ) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_fld
#mgy_jul2019

Sign Up

Upcoming Events