လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၇.၂၀၁၉) ရက်နေ့ နံနက်(၁၀း၃၀)နာရီအချိန်တွင် မိုးညိုမြိုနယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ရေဘေးကာကွယ်ရေးတာများ၏ အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှုစီမံချက် လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ကျင်းပခဲ့ပြီး မိုးညိုမြို့နယ်အတွင်း ဧရာဝတီမြစ်ရေနှင့် မြစ်မခမြစ်ရေ မြင့်တက်လာမှုကြောင့် တာများကျိုးပေါက်မှုနှင့် ပျက်စီးမှုမရှိစေရေး၊ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးတို့နှင့်ပတ်သက်၍ ပြုလုပ်ရမည့် လုပ်ငန်းစဉ်များ၊ ချိတ်ဆက်ဆောင်ရွက်ရမည့် အခြေအနေများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများကို တာကင်းတဲများတွင် ကြီးကြပ်ရေးမှူးအဖြစ် တာဝန်ပေးချထားမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဆည်/မြောင်းဦးစီးဌာန၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၁၅၀) ဦးတို့ဖြင့် အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး