လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကံမမြို့နယ်၊ ရပ်ကွက် (၂) ရပ်ကွက်၌် (၂၃-၇-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်ခန့်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကံမမြို့နယ်၊ အမှတ် (၂) ရပ်ကွက်ရှိ လူနေအိမ် (၃၆) လုံး၊ အိမ်ထောင်စု (၃၆) စု၊ ရေဘေးသင့်လူဦးရေ (၁၄၂) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၉၈,၂၀၀/-) ကျပ်တို့အား (၂၄-၇-၂၀၁၉) ရက်နေ့တွင် ကံမမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_fld
#mgy_jul2019