လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ လက်ပံတောကျေးရွာအတွင်း (၂၄.၇.၂၀၁၉)ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် အမိုးသွပ်လန်ပျက်စီးခဲ့သည့် လူနေအိမ်(၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၉၀,၀၀ဝိ/-)၊ လူဦးရေ (၄၅)ဦးတို့အတွက် (၇)ရက်စာဆန်ဖိုးငွေ (၉၄,၅၀ဝိ/-)၊ စုစုပေါင်း(၃၈၄,၅၀ဝိ/-)အား ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ခြင်းနှင့် ၎င်းကျေးရွာမှ ပြည်သူများအား သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ (DAN) Mobile Application ဖြန့်ဝေခြင်းများအား (၂၄.၇.၂၀၁၉)ရက်နေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mon_jul2019
Source: သထုံခရိုင်ဦးစီးမှူးရုံး