သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၁၉) ရက်နေ့ (၁၀:၀၀) မှ (၁၂:၀၀) နာရီအချိန်ထိ ကျိုင်းတုံမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျောင်းသား/သူ (၁၂၀) ဦးဖြင့် ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏ သက်ရောက်မှုများကြောင့် ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်များအကြောင်း ဘေးအန္တရာယ်မဖြစ်ပွားမီ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များ ကိုဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း လက်ကမ်းစာစောင်များဖြန့်ဝေ ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#shn_jul2019

Sign Up

Upcoming Events