Category Archives: News
-
ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုု မြို့နယ်၊ ငါးလန်ကျေးရွာအုပ်စု၊ငါးလန်ကျေးရွာနှင့် ဆင်တဲကျေးရွာအုပ်စု၊ နတ်ပေးကျေးရွာတို့တွင်(၃၀-၇-၂၀၁၉)ရက်နေ့၊ (၁၀း၃၀)အချိန်၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ လူနေအိမ်(၈)လုံး၊ အိမ်ထောင်စု(၁၀)စု၊ စုစုပေါင်းလူဦးရေ(၂၄)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၅၀၄၀၀/-)၊အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၈၀၀၀၀၀/- )စုစုပေါင်း(၈၅၀၄၀၀/-)ကျပ်အား (၃၀-၇-၂၀၁၉)ရက်နေ့တွင် ရေစကြို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) # ha¬_fld # mgy_jul 2019
-
မုန်တိုင်းဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၁၉) ရက်နေ့မှ (၃၀-၇-၂၀၁၉)ရက်နေ့အထိ CWS-myanmar ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြို့နယ်ကြက်ခြေနီတပ်ဖွဲတို့နှင့်ပူးပေါင်း၍ မအူပင်မြို့နယ်၊ ပေကုန်းကျးရွာအုပ်စု၊ ဆင့်ကူးသောင်ကျေးရွာ၌ မုန်တိုင်းသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်ရာ အဆိုပါဇာတ်တိုက်လေ့ကျင့်ခန်းသို့ ကျေးရွာသူ/သား ကျောင်းသား/သူ စုစုပေါင်းအင်အား ၂၅၀ ဦးခန့်ပါဝင်လေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2019 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး
-
မသန်စွမ်းသူများအတွက် တရားမျှတမှုရရှိပိုင်ခွင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ
ဇူလိုင်၃၀၊နေပြည်တော် မသန်စွမ်းသူများအတွက် တရားမျှတမှုရရှိပိုင်ခွင့်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း (၀၉း၀၀) နာရီတွင် Royal President Hotel ၌ကျင်းပပြုလုပ်ရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက နိုင်ငံတော်အနေဖြင့်မသန်စွမ်းသူများနှင့်ပတ်သက်၍ အစိုးရ၊ ပြည်သူ၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ချက်များသည် တိုးတက်ပြောင်းလဲမှုများရှိပါကြောင်း၊ မသန်စွမ်းသူများနှင့်ပတ်သက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့် နည်းဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး အမျိုးသား ကော်မတီ၊လုပ်ငန်းကော်မတီနှင့်မသန်စွမ်းများအတွက်ကဏ္ဍအသီးသီးတွင်ဆောင်ရွက်မည့်ဆပ်ကော်မတီ(၈)ခုကိုဖွဲ့စည်းခဲ့ပါကြောင်း၊မသန်စွမ်းသူများအတွက်အခွင့်အရေးဖော်ဆောင်ရာတွင်မသန်စွမ်းတစ်ဦးချင်းစီ၏လိုအပ်ချက်များကိုဖြည့်ဆည်းနိုင်ရန်မသန်စွမ်းမှုအမျိုးအစားအလိုက်စေတနာထားဆောင်ရွက်ရန်အလွန်အရေးကြီးပါကြောင်း၊ မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းနှင့်မသန်စွမ်းမှုအဆင့်ခွဲခြားခြင်းသည်မသန်စွမ်းတစ်ဦးချင်းစီ၏မသန်စွမ်းမှုအလိုက်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်ဖြစ်ပါကြောင်း၊ ဇွန်လ (၆)ရက်နေ့မှ (၈)ရက်နေ့အထိအာဂျင်တီးနားနိုင်ငံတွင် ကျင်းပသော … Read more
-
သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများတွင် နည်းပညာအသုံးပြုမှုဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
ဇူလိုင် ၃၀၊ နေပြည်တော် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများတွင် နည်းပညာအသုံးပြုမှုဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ကျင်းပပြုလုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဉက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အဖွင့်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ယနေ့ ရာသီဥတုပြောင်းလဲလာမှုအခြေအနေများနှင့်အတူ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုပုံစံများ ပြောင်းလဲလာခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း အခြားကမ္ဘာ့နိုင်ငံ များနည်းတူ ထိုအခြေအနေများကို ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ မိမိတို့အနေဖြင့် ပြောင်းလဲဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များကို ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြင့် ရင်ဆိုင်တုံ့ပြန်နိုင်ရေး စီမံခန့်ခွဲမှုပုံစံများကိုလည်း ပြောင်းလဲ ဆောင်ရွက်လာရကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လူ့အသက်ဆုံးရှုံးမှုများ၊ … Read more
-
ရေဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ် ပြောင်းလဲစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၁၉) ရက်နေ့တွင် သာပေါင်းမြို့နယ်၊ ဘောလုံး ကွင်းရှေ့၌ ယခင်စိုက်ထူထားသော မုန်တိုင်းဘေး အသိပညာပေးဆိုင်းဘုတ်အစား ရေဘေးနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များ ပြည်သူလူထုများ သိရှိစေရန်အတွက် ရေဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ်အား ပြောင်းလဲစိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar_fld #ayy_jul2019
-
မြစ်ရေကြီးခြင်းသတိပေးချက်
မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီအချိန်တွင် မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀) နာရီအချိန်တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက် မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ မဒေါက်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် CDA (လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း) နှင့်ပူးပေါင်း၍ (၃၀-၇-၂၀၁၉) ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ အံကရဲကျေးရွာ၌ ကျေးရွာသူ/သား စုစုပေါင်း အင်အား (၁၅၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခြင်း၊ မြေစိုက်ပိုစတာများစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_jul2019
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် Human Rights Watch အဖွဲ့အား လက်ခံတွေ့ဆုံ
ဇူလိုင် ၃၀၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်မှ Human Rights Watch အဖွဲ့အစည်းမှ Asia Division Deputy Director ဖြစ်သူ Mr. Phil Robertson ဦးဆောင်သော အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဝန်ကြီးဌာနမှ ဆောင်ရွက် နေမှုအခြေအနေများ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့ရှိ အမျိုးသမီးများ လူကုန်ကူးခံရခြင်းမှ ကာကွယ်နိုင်ရန်နှင့် … Read more
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ (ကျုံနတ္တော်၊ ရေလဲကြီး၊ ဆိပ်သာ၊ အင်းမ) ကျေးရွာအုပ်စု၊ (ပေါက်ကုန်း၊ သပြေဆိပ်၊ တာပါတ်) ကျေးရွာတို့၌ (၂၆-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀/-) ကျပ်၊ Care Myanmar ပိုက်ဖျာ (၃) ချပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) ပုံးနှင့် … Read more
-
ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်အတွင်းအိပ်ပျက်အုပ်စု၊ တာငုတ်ကျေးရွာနှင့် ငှက်ပျောတောကျေးရွာတို့၌ (၂၉-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရသော အိမ်ခြေ (၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၃၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆၇,၂၀၀/-) ကျပ်တို့အား (၃၀-၇-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_rbe #ayy_jul2019









