လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၁၉) ရက်နေ့တွင် သာပေါင်းမြို့နယ်၊ ဘောလုံး ကွင်းရှေ့၌ ယခင်စိုက်ထူထားသော မုန်တိုင်းဘေး အသိပညာပေးဆိုင်းဘုတ်အစား ရေဘေးနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များ ပြည်သူလူထုများ သိရှိစေရန်အတွက် ရေဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ်အား ပြောင်းလဲစိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ar_fld
#ayy_jul2019