လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် Human Rights Watch အဖွဲ့အား လက်ခံတွေ့ဆုံ

ဇူလိုင် ၃၀၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်မှ Human Rights Watch အဖွဲ့အစည်းမှ Asia Division Deputy Director ဖြစ်သူ Mr. Phil Robertson ဦးဆောင်သော အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံပါသည်။
တွေ့ဆုံရာတွင် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဝန်ကြီးဌာနမှ ဆောင်ရွက် နေမှုအခြေအနေများ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့ရှိ အမျိုးသမီးများ လူကုန်ကူးခံရခြင်းမှ ကာကွယ်နိုင်ရန်နှင့် လူကုန်ကူးခံရပါက ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ ကချင်ပြည်နယ်ရှိဒေသခံအဖွဲ့ အစည်းများ၊ ဖောင်ဒေးရှင်းများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ ကချင်ပြည်နယ်ရှိ IDP စခန်း များမှ နေရပ်စွန့်ခွာရသူများအား ပြန်လည်နေရာချ ထားနိုင်ရေးအတွက် လုပ်ငန်းအဖွဲ့ ဖွဲ့စည်း၍ ဒုတိယဝန်ကြီးမှ ဦးဆောင်ပြီး သက်ဆိုင်ရာ အစိုးရဌာနများမှ ကိုယ်စားလှယ်များအပြင် ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများအား ကူညီ စောင့်ရှောက်ရေးကော်မတီ(KHCC)ဖြင့် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးအတွက် ဥပဒေရေးဆွဲနေမှုအခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Source: MSWRR

#hl2
#npw_jul2019

Sign Up

Upcoming Events