လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ (ကျုံနတ္တော်၊ ရေလဲကြီး၊ ဆိပ်သာ၊ အင်းမ) ကျေးရွာအုပ်စု၊ (ပေါက်ကုန်း၊ သပြေဆိပ်၊ တာပါတ်) ကျေးရွာတို့၌ (၂၆-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀/-) ကျပ်၊ Care Myanmar ပိုက်ဖျာ (၃) ချပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) ပုံးနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) မျိုး၊ အမိုးလန်နေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၈၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၃၀) ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆၃,၀၀၀/-) ကျပ်တို့အား (၃၀-၇-၂၀၁၉) ရက်နေ့၊ (၁၀း၁၅) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိ/ရပ်ဖများ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#ayy_jul2019

Sign Up

Upcoming Events