Category Archives: News
-
မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးသင့် ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကျေးရွာ(၈)ရွာတွင် (၅-၈-၂၀၁၉)ရက်နေ့နှင့် (၆-၈-၂၀၁၉)ရက်နေ့တို့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၁၂၈)လုံး၊ အိမ်ထောင်စု(၁၂၈)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၂,၈၀၀,၀၀၀/-)၊ လူဦးရေ(၅၃၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁,၁၂၇,၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၃,၉၂၇,၇၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အိမ်ထောင်စု (၁၂၈)စုစာတို့အား (၆-၈-၂၀၁၉)ရက်နေ့ (၁၅း၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_rbe # mgy_aug 2019
-
ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့တွင် (၁၄-၇-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ပြိုကျပျက်စီးအိမ်ခြေ(၃၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၃၃) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁)အိမ်လျှင်(၁၀၀၀၀၀/-)ကျပ်နှုန်းဖြင့်(၃,၃၀၀,၀၀၀/-)ကျပ်အားလည်းကောင်း၊ မြစ်ကြီးနားမြို့နယ်၊ တီယန်ဇွပ်ကျေးရွာတွင်(၁၃-၇-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် မျောပါပျက်စီးအိမ်ခြေ(၆)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး(၆)အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁)အိမ် လျှင် (၂၀၀,၀၀၀/-)ကျပ်နှုန်းဖြင့်(၁,၂၀၀,၀၀၀/-)ကျပ် စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုးငွေ(၄,၅၀၀,၀၀၀/-)ကျပ်တို့ကို (၅-၈-၂၀၁၉)ရက်နေ့(၁၄:၀၀)နာရီအချိန်တွင် မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌် ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင့် သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) # ha¬_fld # kcn_aug 2019
-
လူထုတွေ့ဆုံပွဲ၌ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ (၅-၈-၂၀၁၈) ရက်နေ့တွင် လူထုတွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ရာ ဖျာပုံမြို့နယ်၊ ကနိကျေးရွာအုပ်စု၌ လူဦးရေ (၁၀၀) ဦး၊ သမိန်ထောကုန်းတန်း ကျေးရွာအုပ်စု၌ လူဦးရေ (၇၅) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လေပြင်းဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းနှင့် ဘေးဖြစ်ပွားမှုများအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများကို ဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃-၈-၂၀၁၉) ရက်နေ့တွင် မြဝတီမြို့၊ အမှတ်(၂)ရပ်ကွက် နှင့် မင်းလက်ပံကျေးရွာတို့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်(၂) လုံးမှ အိမ်ထောင်စု(၂)စု၊ လူဦးရေ (၁၁)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၄၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၃,၁၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၂) အိမ်ထောင်စုစာတို့ကို (၆-၈-၂၀၁၉) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw … Read more
-
မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ကျေးရွာ(၄)ရွာတ့ို၌ (၃-၈-၂၀၁၉)ရက်နေ့နှင့်(၅-၈-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေ(၁)လုံး၊ အမိုးလန်အိမ်ခြေ(၅)လုံး အိမ်ထောင်စု(၆)စုမှ လူဦးရေ(၂၂)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၄၆၂၀၀/-)ကျပ်၊ ပြိုကျပျက်စီးအိမ်ခြေ(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး(၁)အိမ်ထောင်စုစာ(၃၇၃၅၃/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်နှင့် အမိုးလန်အိမ်ခြေ(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၂၅၅၃/-)ကျပ်တို့ကို (၆-၈-၂၀၁၉)ရက်နေ့၊ နေ့လည်(၁၃း၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) # … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာ၌ (၆-၈-၂၀၁၉) ရက်နေ့၊ (၁၀း၃၀)အချိန်တွင်ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ(၁၅)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး အိမ်ထောင်စု (၃) စုစာ၊ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၁,၅၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်တို့ကို (၆-၈-၂၀၁၉) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် … Read more
-
မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မရမ်းကုန်းရပ်ကွက်၊ ဇောင်းယားပင်ဆိပ်(၂)လမ်းတွင်(၅-၈-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့်ပြိုကျပျက်စီးအိမ်ခြေ(၁)လုံး၊ အမိုးလန်အိမ်ခြေ(၁)လုံးမှ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၁၂)ဦးတို့တွက် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၂၅၂၀၀/-)ကျပ်၊ ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ အမိုးလန်အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံငွေ (၄၀၀၀၀/-)ကျပ်နှင့် ပြိုကျပျက်စီးအိမ်ခြေ(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး(၁)အိမ်ထောင်စုစာ တန်းဖိုးငွေ(၃၇၃၅၃/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၂၀၂၅၅၃/-)ကျပ်တို့ကို (၆-၈-၂၀၁၉)ရက်နေ့၊နေ့လည်(၁၃း၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) # … Read more
-
ရေဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၈-၂၀၁၉) ရက်နေ့၊ (၁၀း၀၀)နာရီအချိန်တွင် မြဝတီမြို့၊ အ.လ.က(၁)ကျောင်း၌ ရေဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကိုဟောပြောခဲ့ရာ ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_fld #krn_aug2019 Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၈-၂၀၁၉) ရက်နေ့တွင် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက်တောရပ်ကွက်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ရပ်ကွက်သူ/သား (၂၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်နှင့် မိုးကြိုးဘေးအသိပညာ ပေးပိုစတာများ၊ ခါက်ဆွဲခြောက်ထုပ်များကို ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_aug2019 Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၈-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) မှ (၁၄း၀၀) အချိန် အထိ ကျောက်ဖြူမြို့၊ ကညင်တော (အ.လ.က(ခွဲ))၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူစုစုပေါင်း (၁၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများ အား ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ခြင်း၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ဘေးဖြစ်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_aug2019 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)









