မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ကျေးရွာ(၄)ရွာတ့ို၌ (၃-၈-၂၀၁၉)ရက်နေ့နှင့်(၅-၈-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေ(၁)လုံး၊ အမိုးလန်အိမ်ခြေ(၅)လုံး အိမ်ထောင်စု(၆)စုမှ လူဦးရေ(၂၂)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၄၆၂၀၀/-)ကျပ်၊ ပြိုကျပျက်စီးအိမ်ခြေ(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး(၁)အိမ်ထောင်စုစာ(၃၇၃၅၃/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်နှင့် အမိုးလန်အိမ်ခြေ(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၂၅၅၃/-)ကျပ်တို့ကို (၆-၈-၂၀၁၉)ရက်နေ့၊ နေ့လည်(၁၃း၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

# ha_sgw

# ayy_aug 2019

Sign Up

Upcoming Events