လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

7 _ Pic _02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃-၈-၂၀၁၉) ရက်နေ့တွင် မြဝတီမြို့၊ အမှတ်(၂)ရပ်ကွက် နှင့် မင်းလက်ပံကျေးရွာတို့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်(၂) လုံးမှ အိမ်ထောင်စု(၂)စု၊ လူဦးရေ (၁၁)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၄၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၃,၁၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၂) အိမ်ထောင်စုစာတို့ကို (၆-၈-၂၀၁၉) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#krn_aug2019

Source:           မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ)

 

 

Sign Up

Upcoming Events