လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ (၅-၈-၂၀၁၈) ရက်နေ့တွင် လူထုတွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ရာ ဖျာပုံမြို့နယ်၊ ကနိကျေးရွာအုပ်စု၌ လူဦးရေ (၁၀၀) ဦး၊ သမိန်ထောကုန်းတန်း ကျေးရွာအုပ်စု၌ လူဦးရေ (၇၅) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လေပြင်းဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းနှင့် ဘေးဖြစ်ပွားမှုများအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများကို ဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_aug2019
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)