လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မရမ်းကုန်းရပ်ကွက်၊ ဇောင်းယားပင်ဆိပ်(၂)လမ်းတွင်(၅-၈-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့်ပြိုကျပျက်စီးအိမ်ခြေ(၁)လုံး၊ အမိုးလန်အိမ်ခြေ(၁)လုံးမှ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၁၂)ဦးတို့တွက် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၂၅၂၀၀/-)ကျပ်၊ ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ အမိုးလန်အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံငွေ (၄၀၀၀၀/-)ကျပ်နှင့် ပြိုကျပျက်စီးအိမ်ခြေ(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး(၁)အိမ်ထောင်စုစာ တန်းဖိုးငွေ(၃၇၃၅၃/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၂၀၂၅၅၃/-)ကျပ်တို့ကို (၆-၈-၂၀၁၉)ရက်နေ့၊နေ့လည်(၁၃း၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
# ha_sgw
# ayy_aug 2019