လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့တွင် (၁၄-၇-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ပြိုကျပျက်စီးအိမ်ခြေ(၃၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၃၃) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁)အိမ်လျှင်(၁၀၀၀၀၀/-)ကျပ်နှုန်းဖြင့်(၃,၃၀၀,၀၀၀/-)ကျပ်အားလည်းကောင်း၊ မြစ်ကြီးနားမြို့နယ်၊ တီယန်ဇွပ်ကျေးရွာတွင်(၁၃-၇-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် မျောပါပျက်စီးအိမ်ခြေ(၆)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး(၆)အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁)အိမ် လျှင် (၂၀၀,၀၀၀/-)ကျပ်နှုန်းဖြင့်(၁,၂၀၀,၀၀၀/-)ကျပ် စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုးငွေ(၄,၅၀၀,၀၀၀/-)ကျပ်တို့ကို (၅-၈-၂၀၁၉)ရက်နေ့(၁၄:၀၀)နာရီအချိန်တွင် မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌် ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင့် သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
# ha¬_fld
# kcn_aug 2019