Category Archives: News
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ ဆင်ကုန်းကျေးရွာ၊ မရမ်းကုန်းကျေးရွာ၊ နှောကုန်းကျေးရွာတို့၌ (၂-၈-၂၀၁၉)ရက်နေ့နှင့် (၄-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁) လုံး၊ အမိုးလန်နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၇,၃၀၀/-) ကျပ်တို့ကို (၇-၈-၂၀၁၉) ရက်နေ့၊ (၁၁း၁၅) အချိန်တွင် တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_ sgw … Read more
-
ချောင်းဆုံမြိုနယ်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၈-၂၀၁၉)ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ ချောင်းဆုံအရှေ့ရပ်ကွက်နှင့်ချောင်းဆုံအနောက်ရပ်ကွက်၌ လေပြင်းတိုက်ခတ်မှုကြောင့်ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စု(၈)စုနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့်အိမ်ထောင်စု(၃၄)၊ စုစုပေါင်းအိမ်ထောင်စု(၄၂)စုမှ လူဦးရေ(၁၉၁)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၂၀၀၀၀ဝ/-)နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၄၀၁၁၀၀/-) စုစုပေါင်းထောက်ပံ့ငွေ(၄၆၀၁၁၀၀/-)ကျပ်ကို (၆-၈-၂၀၁၉)ရက်နေ့တွင် လေဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောင်းဆုံမြိုနယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #mon_aug 2019
-
တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိမှုအခြေအနေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ
၂၀၁၉ခုနှစ်၊ ဩဂုတ်လအတွင်း၌ ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိရာ (၇-၈-၂၀၁၉) ရက်နေ့အခြေအနေအရ ပဲခူးတိုင်းဒေသကြီးတွင် လူဦးရေ(၅၀၀၀)ခန့်၊ ကရင်ပြည်နယ်တွင် လူဦးရေ(၄၈၀၀)ကျော်၊ မွန်ပြည်နယ်တွင် လူဦးရေ(၇၂၀၀)ကျော်၊ တနင်္သာရီတိုင်းဒေသကြီးတွင် လူဦးရေ(၅၀)ကျော်နှင့် ဧရာဝတီတိုင်း ဒေသကြီးတွင် လူဦးရေ(၂၈၀)ကျော် စုစုပေါင်းလူဦးရေ (၁၇၀၀၀)ကျော်တို့သည် ယာယီရေဘေးရှောင်နေရာ များ၌ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး/ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ၊ ဒေသခံလူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရေဘေး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ယနေ့(၇-၈-၂၀၁၉)နေ့လည်ပိုင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ဦးဆောင်၍ မွန်ပြည်နယ် … Read more
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၁၉) ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ ကြီးပေါက်ကုန်းအုပ်စု၊ ဒေါင့်ကွေးတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေ(၆) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၂၆၀၀/-)ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၆၂၆၀၀/-)ကျပ်ကို(၆-၈-၂၀၁၉)ရက်နေ့တွင် လေးမျက်နှာမြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လေဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw # ayy_aug 2019
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အော်တစ်ဇင်ဆိုင်ရာမူဝါဒအတွက် အကြံပြုချက်များဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်
အော်တစ်ဇင်ဆိုင်ရာမူဝါဒအတွက် အကြံပြုချက်များဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိဟိုတယ်၌ ကျင်းပရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက် အဖွင့်အမှာ စကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက အော်တစ်ဇင်သည် မသန်စွမ်းအမျိုးအစား တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အော်တစ်ဇင်အသင်းကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် အော်တစ်ဇင်ဆိုင်ရာ ဆောင်ရွက်ချက်များနှင့် နှိုင်းယှဉ်ပါက မြန်မာအော်တစ်ဇင်အသင်း၏ လုပ်ဆောင်ချက်များသည် လွန်စွာနောက် မကျပါကြောင်း၊ ဆက်လက်၍ အရှိန်မြှင့်တင်ဆောင်ရွက်သွားဖို့ အားပေးပါကြောင်း၊ အော်တစ်ဇင်ကိုအဓိပ္ပာယ် သတ်မှတ်ရန်မှာ ခက်ခဲပါကြောင်း၊ အော်တစ်ဇင်နှင့်ပတ်သက်၍ နိုင်ငံအပေါ်သက်ရောက်မှု မည်မျှရှိသည်ကို မသိကြသေးပါကြောင်း၊ အော်တစ်ဇင်အကြောင်း ပြည်သူသိရှိရန်နှင့် ဖြစ်ပွားနေမှု … Read more
-
ဟင်္သာတခရိုင်ဦးစီမှုးရုံးမှ ဘေးအန္တရာယ်ဆိုင်ရာအသိပညာများနှင့် DAN Application အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီမှုးရုံးမှ တာဝန်ရှိသူများသည် (၆-၈-၂၀၁၉) ရက်နေ့တွင် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကြီးပေါက်ကုန်းအုပ်စုရှိ ရပ်ရွာပြည်သူဦး(၂၀၀)ဦးတို့ကို ဘေးအန္တရာယ်ဆိုင်ရာအသိပညာများနှင့် DAN Application အသိပညာများ ဆွေးနွေးခြင်းအားလည်းကောင်း၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ သက်ဆိုင်ရာ အသိပညာများကိုဆွေးနွေး ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ နှင့် မုန်တိုင်းဘေး vinyl ပိုစတာအား ဝေငှပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source; ကယားပြည်နယ်ဦးစီမှုးရုံး (ဘစမ) #ar #ayy_aug 2019
-
ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးအနောက်ရပ်ကွက်တွင် ( ၂-၈-၂၀၁၉)ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုကျ၍ နေအိမ်တစ်စိတ်တပိုင်းပျက်စီးခဲ့သော အိမ်ခြေ(၁)လုံး၊ မိသားစု(၁)စုတို့မှ လူဦးရေ(၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၅၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၈၄၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၅၃၄၀၀/-)ကျပ်အား (၆-၈-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်ရာက်ထောက်ပံခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_sgw # ygn_aug 2019
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အလန်းကြီးကျေးရွာအုပ်စု (ကွမ်းသီးပင်စု၊ သခွပ်ပင်စု) ကျေးရွာတို့၌ (၅-၈-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စု လူဦးရေ (၁၀)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့် ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင်စု (၁) စုစာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု (၁) စုစာ၊ … Read more
-
သရက်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၈-၂၀၁၉) ရက်နေ့တွင် မင်းလှမြို့နယ်၊ ရုံးရပ်ကွက်မြောက်ပိုင်း၌ လေပြင်းတိုက်ခတ်ပြီး သစ်ပင်လဲကျမှုကြောင့် နေအိမ်(၁)လုံး အမိုးလန်ခဲ့ပြီး အိမ်ထောင်စု(၁)စုမှ လူဦးရေစုစုပေါင်း(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၆၃၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၅၆၃၀၀/-)ကျပ်တို့အား (၇-၈-၂၀၁၉)ရက်နေ့တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် ဘေးသင့်ပြည်သူများလက်ဝယ်ရာက်ထောက်ပံခဲ့ပါကြောင်းသတင်းရရှိပါသည်။ # ha_sgw # mgy_aug 2019 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဘေးသင့်ပြည်သူများအားထောက်ပံ့ခြင်းနှင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စုရှိ ကျေးရွာ (၅) ရွာ၌ (၄-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးနှင့် လေဘေးတို့ကြောင့် ကြိုတင်ရွှေ့ပြောင်းဖျက်သိမ်းနေအိမ် (၃၁)လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၆) လုံးတို့ရှိ အိမ်ထောင်စု (၃၇) စုမှ လူဦးရေ (၁၇၀)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၂၈၀,ဝဝဝ/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ဖိုးထောက်ပံ့ငွေ (၃၅၇,၀၀၀/-) ကျပ်တို့ကို (၆-၈-၂၀၁၉) ရက်နေ့ (၁၂း၃၀)နာရီအချိန်တွင် မအူပင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ … Read more









