သရက်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၈-၂၀၁၉) ရက်နေ့တွင် မင်းလှမြို့နယ်၊ ရုံးရပ်ကွက်မြောက်ပိုင်း၌ လေပြင်းတိုက်ခတ်ပြီး သစ်ပင်လဲကျမှုကြောင့် နေအိမ်(၁)လုံး အမိုးလန်ခဲ့ပြီး အိမ်ထောင်စု(၁)စုမှ လူဦးရေစုစုပေါင်း(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၆၃၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၅၆၃၀၀/-)ကျပ်တို့အား (၇-၈-၂၀၁၉)ရက်နေ့တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် ဘေးသင့်ပြည်သူများလက်ဝယ်ရာက်ထောက်ပံခဲ့ပါကြောင်းသတင်းရရှိပါသည်။

# ha_sgw

# mgy_aug 2019

Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events