တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိမှုအခြေအနေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ

8_Pic_01 8_Pic_02 8_Pic_03

၂၀၁၉ခုနှစ်၊ ဩဂုတ်လအတွင်း၌ ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိရာ (၇-၈-၂၀၁၉) ရက်နေ့အခြေအနေအရ ပဲခူးတိုင်းဒေသကြီးတွင် လူဦးရေ(၅၀၀၀)ခန့်၊ ကရင်ပြည်နယ်တွင် လူဦးရေ(၄၈၀၀)ကျော်၊ မွန်ပြည်နယ်တွင် လူဦးရေ(၇၂၀၀)ကျော်၊ တနင်္သာရီတိုင်းဒေသကြီးတွင် လူဦးရေ(၅၀)ကျော်နှင့် ဧရာဝတီတိုင်း ဒေသကြီးတွင် လူဦးရေ(၂၈၀)ကျော်  စုစုပေါင်းလူဦးရေ (၁၇၀၀၀)ကျော်တို့သည် ယာယီရေဘေးရှောင်နေရာ များ၌ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး/ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ၊ ဒေသခံလူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရေဘေး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

ယနေ့(၇-၈-၂၀၁၉)နေ့လည်ပိုင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ဦးဆောင်၍ မွန်ပြည်နယ် အစိုးရအဖွဲ့မှဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများသည် ဘီးလင်းမြို့၊ သာသနာ့ဗိမာန်သို့ရောက်ရှိကာ ရေဘေးသင့် ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ တို့ပူးပေါင်းကာ ရေဘေးသင့်ပြည်သူ(၇၀၀၅)ဦးတို့အတွက် ဆန်နှင့် ရေသန့်များ စုစုပေါင်းကျပ် (၅၉၇)သိန်းကျော်ထောက်ပံ့ပေးခဲ့ပါသည်။ အလားတူ ကျန်တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာနရုံးများမှ တာဝန်ရှိသူများက ထောက်ပံ့ ကူညီမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဇူလိုင်လနှင့် ဩဂုတ်လ အတွင်းဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများအတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ငွေများအပါအဝင် ကျပ်သိန်းပေါင်း (၂၅၀၀)ကျော် ထောက်ပံ့ပြီးဖြစ်ကြောင်းနှင့် ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

ပြည်သူများအနေဖြင့်လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန် ချက်များအား အလေးထားဂရုပြုလိုက်နာရန်နှင့် အကူညီလိုအပ်ပါက ဒေသအလိုက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရုံးများသို့ဖြစ်စေ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(ရုံးချုပ်) Hot Line နံပါတ်များဖြစ်သော ၀၆၇-၃၄၀၄၆၆၆၊ ၀၆၇-၃၄၀၄၇၇၇ သို့ဖြစ်စေ အကူညီတောင်းခံနိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ နှိုးဆော်ထားပါသည်။

#ha_fld

#npw_aug2019

Source:           Relief Section (DDM)

 

Sign Up

Upcoming Events