လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စုရှိ ကျေးရွာ (၅) ရွာ၌ (၄-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးနှင့် လေဘေးတို့ကြောင့် ကြိုတင်ရွှေ့ပြောင်းဖျက်သိမ်းနေအိမ် (၃၁)လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၆) လုံးတို့ရှိ အိမ်ထောင်စု (၃၇) စုမှ လူဦးရေ (၁၇၀)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၂၈၀,ဝဝဝ/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ဖိုးထောက်ပံ့ငွေ (၃၅၇,၀၀၀/-) ကျပ်တို့ကို (၆-၈-၂၀၁၉) ရက်နေ့ (၁၂း၃၀)နာရီအချိန်တွင် မအူပင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ အောက်ထုံးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၉) ရွာမှ ပြည်သူလူထု (၂၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး ဘေး(၈) မျိုးပါ လက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ha_ sgw
#ar
#ayy_aug2019
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)