လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၁၉) ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ ကြီးပေါက်ကုန်းအုပ်စု၊ ဒေါင့်ကွေးတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေ(၆) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၂၆၀၀/-)ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၆၂၆၀၀/-)ကျပ်ကို(၆-၈-၂၀၁၉)ရက်နေ့တွင် လေးမျက်နှာမြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လေဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
# ayy_aug 2019