ချောင်းဆုံမြိုနယ်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၈-၂၀၁၉)ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ ချောင်းဆုံအရှေ့ရပ်ကွက်နှင့်ချောင်းဆုံအနောက်ရပ်ကွက်၌ လေပြင်းတိုက်ခတ်မှုကြောင့်ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စု(၈)စုနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့်အိမ်ထောင်စု(၃၄)၊ စုစုပေါင်းအိမ်ထောင်စု(၄၂)စုမှ လူဦးရေ(၁၉၁)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၂၀၀၀၀ဝ/-)နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၄၀၁၁၀၀/-) စုစုပေါင်းထောက်ပံ့ငွေ(၄၆၀၁၁၀၀/-)ကျပ်ကို (၆-၈-၂၀၁၉)ရက်နေ့တွင် လေဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ချောင်းဆုံမြိုနယ်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw

#mon_aug 2019

Sign Up

Upcoming Events