Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၉) ရက်နေ့၊ (၁၀း၀၀)နာရီမှ (၁၁း၃၀)နာရီအချိန်အထိ အထက (သစ်ရာမြိုင်) ကျွန်းလှမြို့ရှိ ကျောင်းသူ/ ကျောင်းသား (၃၀၀)ဦးတို့အား သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပေး ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2019 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီမှုးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၉)ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ လွိုင်ကော်တက္ကသိုလ်ရှိ ကျောင်းသား/သူ(၄၅၀)ဦးကိုလည်းကောင်း၊ လွိုင်ကော်မြို့၊ အထက(၃)ကျောင်းရှီ ကျောင်းသား/ သူ(၂၅၀)ဦးအား လည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ဲပြီးလက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #kyh_aug 2019 Source; ကယားပြည်နယ်ဦးစီမှုးရုံး (ဘစမ)
-
ဟင်္သာတခရိုင်ဦးစီးမှုးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၉)ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ ပတ္တမြားကျွန်းကျေးရွာတွင် (၇-၈-၂၀၁၉)ရက်နေ့တွင် လေဘေးကြောင့် လုံးဝပျက်စီးခဲ့သော အိမ်ခြေ(၃)လုံးနှင့် အမိုးလန်ပျက်စီးခဲ့သောအိမ်ခြေ(၁၄)လုံး စုစုပေါင်းအိမ်ခြေ(၁၇)လုံး ၎င်းအိမ်ထာင်စု(၁၇)စုရှိ လူဦးရေ(၆၅)ဦးတို့ အတွက်(၃၂၃၅၃)ကျပ် တန်ဖိုးရှိသောကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (၃)အိမ်ထောင်စု အိမ်ဆောက်ပစ္စည်းဖိုး(၇၂၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၁၃၆၅၀၀)ကျပ္ စုစုပေါင်းထောက်ပံ့ငွေ (၈၅၆၅၀၀)ကျပ်ကို (၉-၈-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ အရောက်ပေးပို့ထောက်ပံ ပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှုးရုံး (ဘစမ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #ha_swg #ayy_aug2019
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ လေလံပင်ကျေးရွာအုပ်စု၊ ညောင်ဝိုင်းလေးကျေးရွာ၌ (၆-၈-၂၀၁၉) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁)လုံးတစ်စိတ်တစ်ပိုင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၆၃၀၀/-)ကျပ်၊ ဒဏ်ရာရရှိသူတစ်ဦးအတွက် ထောက်ပံ့ငွေ(၅၀၀၀၀/-)ကျပ်၊ စုစုပေါင်း(၁၀၆၃၀၀/-)ကျပ်အား(၇-၈-၂၀၁၉)ရက်နေ့(၁၂း၂၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီမှူးရုံး (ဘစမ) #ha_sgw #ayy_aug 2019
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်-သံတွဲခရိုင် ဂွမြို့နယ်၊ ကျင်းကြီးကျေးရွာအုပ်စု ရမ္မာကျွန်းကျေးရွာတွင် (၂၆.၇.၁၉)ရက်နေ့၌ လေပြင်း တိုက်ခတ်မှုကြောင့် လုံးဝပျက်စီးတဲအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ ထောက်ပံ့ငွေ (၁)အိမ်လျှင် (၁၀၀၀၀၀/-)နှုန်းဖြင့် (၂၀၀၀၀၀/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးတဲအိမ် (၁၀)လုံးအတွက် တစ်အိမ်လျှင် (၂၀၀၀၀/-)ကျပ်နှုန်းဖြင့်(၁၀)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး တစ်ပတ်စာလူဦးရေ (၄၇)ဦးအတွက် (၉၈၇၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စု (၂)စုစာ တန်ဖိုးငွေ (၈၀၇၀၆) ကျပ်၊ စုစုပေါင်း (၅၇၉၄၀၆/-)ကျပ်တို့အား (၆.၈.၂၀၁၉)ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် … Read more
-
ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၌ (၇.၈.၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားသောမီးဘေးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)အား (၉.၈.၂၀၁၉)ရက်နေ့တွင် ဆားလင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #ha_swg #ayy_aug2019
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ကနိကျေးရွာအုပ်စု၊အညွန်ကျေးရွာ၌ (၆-၈-၂၀၁၉) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် (သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း) တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံငွေ (၅၀၀၀၀/-)ကျပ်၊ လူဦးရေ(၇)ဦးအတွက်ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၀၅၀၀/-)ကျပ်၊ စုစုပေါင်း (၆၀၅၀၀/-) ကျပ်အားလည်ကောင်း၊ ကွန်ဒိုင်းကျေးရွာအုပ်စု၊ ကွန်ဒိုင်းကျေးရွာ၌ (၆-၈-၂၀၁၉)ရက်နေ့ မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် (ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း) နေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ခြင်းအတွက်ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ အိမ်ထောင်စု(၁)စုစာ၊ လူဦးရေ(၄)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈၄၀၀/-)ကျပ်စုစုပေါင်း (၁၀၈၄၀၀/-)ကျပ်တို့ကို(၇-၈-၂၀၁၉)ရက်နေ့ (၉:၃၀)အချိန်တွင် … Read more
-
၂၀၁၉ ခုနှစ်၊ နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည့်အခြေအနေများနှင့် အမျိုးသား သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ဉီးဆောင်လမ်းညွှန်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ရေဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိ
၂၀၁၉ ခုနှစ်၊ ဩဂုတ်လအတွင်း ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ မွန်ပြည်နယ်၊ မော်လမြိုင် မြို့၌ (၈-၈-၂၀၁၉) ညက မိုးသည်းထန်စွာသွန်းမှုကြောင့် လူနေရပ်ကွက်များအတွင်း ရုတ်တရက်ရေများ မြင့်တက် ခဲ့ပြီးလူဉီးရေ (၆၀၀၀) ခန့်ကို ကယ်ဆယ်ရေးစခန်း (၂၀) ကျော် ဖွင့်လှစ်ပြောင်းရွှေ့လျက်ရှိကြောင်း၊ ပေါင်မြို့၊ သဲဖြူကုန်းကျေးရွာအုပ်စု၊ ရဲပြားကုန်းရွာတွင် (၉-၈-၂၀၁၉) နေ့ နံနက် (၈) နာရီခန့်အချိန်က ကျေးရွာအနီးရှိ တောင်ပြို ကျမှုဖြစ်ပွားခဲ့ရာ နေအိမ်များနှင့် မော်တော်ယာဉ်များပေါ်သို့ မြေများပိကျခဲ့မှုကြောင့်ဘုန်းတော်ကြီး(၁)ပါးအပါအဝင် (၁၄) ဉီးခန့်သေဆုံးကာ (၂၀) ကျော်ဒဏ်ရာရရှိသည်ဟု ကနဉီးသိရှိရပြီး … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီမှုးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၉) ရက်နေ့တွင် ပြည်ခရိုင်၊ ပြည်မြို့နယ်၊ မှုတ်ရှည်ကျေးရွာအုပ်စု၌ ပြည်သူလူထု (၁၀၀) ဦးဖြင့် သဘာဘေးအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်များလည်းဝေငှခဲ့ပြီး မိုးကြိုးဗီနိုင်း ပိုစတာများပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ar #bog_aug 2019 Source; ပြည်ခရိုင်ဦးစီမှုးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၈.၂၀၁၉)ရက်နေ့ (၁၃:၀၀)နာရီအချိန်မှ (၁၅:၀၀)နာရီအချိန်အထိ သံတွဲခရိုင် သံတွဲမြို့နယ်၊ မှိုဟင်းပြင်ကျေးရွာဘုန်း တော်ကြီးကျောင်းတွင် ကျေးရွာသူ/သားများ(၇၅)ဦးခန့်အား ဥတုပြောင်းလဲလာမှို၊ ငလျင်ဘေးအန္တရာယ်၊ လေဘေး၊ ရေဘေးဖြစ်ပွားမှု၊ မိုးကြိုးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များမဖြစ်ပွားမီ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးချိန်များတွင် ဆောင်ရန်/ရှောင်ရန် အချက်များအား ဆွေးနွေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_aug2019 Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)









