လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ လေလံပင်ကျေးရွာအုပ်စု၊ ညောင်ဝိုင်းလေးကျေးရွာ၌ (၆-၈-၂၀၁၉) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁)လုံးတစ်စိတ်တစ်ပိုင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၆၃၀၀/-)ကျပ်၊ ဒဏ်ရာရရှိသူတစ်ဦးအတွက် ထောက်ပံ့ငွေ(၅၀၀၀၀/-)ကျပ်၊ စုစုပေါင်း(၁၀၆၃၀၀/-)ကျပ်အား(၇-၈-၂၀၁၉)ရက်နေ့(၁၂း၂၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

Source: ဖျာပုံခရိုင်ဦးစီမှူးရုံး (ဘစမ)

#ha_sgw

#ayy_aug 2019

Sign Up

Upcoming Events