၂၀၁၉ ခုနှစ်၊ နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည့်အခြေအနေများနှင့် အမျိုးသား သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ဉီးဆောင်လမ်းညွှန်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ရေဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိ

48 49 47 46 45 44 43 39 36 38 37 35 34 33 31 32 30 28 29 27 26 25 24 21 22 23 17 20 19 18 16 15 14 13 12 11 10 9 8 6 7 3 2 1 5 4
၂၀၁၉ ခုနှစ်၊ ဩဂုတ်လအတွင်း ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ မွန်ပြည်နယ်၊ မော်လမြိုင် မြို့၌ (၈-၈-၂၀၁၉) ညက မိုးသည်းထန်စွာသွန်းမှုကြောင့် လူနေရပ်ကွက်များအတွင်း ရုတ်တရက်ရေများ မြင့်တက် ခဲ့ပြီးလူဉီးရေ (၆၀၀၀) ခန့်ကို ကယ်ဆယ်ရေးစခန်း (၂၀) ကျော် ဖွင့်လှစ်ပြောင်းရွှေ့လျက်ရှိကြောင်း၊ ပေါင်မြို့၊ သဲဖြူကုန်းကျေးရွာအုပ်စု၊ ရဲပြားကုန်းရွာတွင် (၉-၈-၂၀၁၉) နေ့ နံနက် (၈) နာရီခန့်အချိန်က ကျေးရွာအနီးရှိ တောင်ပြို ကျမှုဖြစ်ပွားခဲ့ရာ နေအိမ်များနှင့် မော်တော်ယာဉ်များပေါ်သို့ မြေများပိကျခဲ့မှုကြောင့်ဘုန်းတော်ကြီး(၁)ပါးအပါအဝင် (၁၄) ဉီးခန့်သေဆုံးကာ (၂၀) ကျော်ဒဏ်ရာရရှိသည်ဟု ကနဉီးသိရှိရပြီး ဒဏ်ရာရရှိသူများကို မော်လမြိုင်မြို့ ပြည်သူ့ ဆေးရုံကြီးနှင့် ပေါင်မြို့နယ် ပြည်သူ့ဆေးရုံများသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ တပ်မတော်၊ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၊ ဆရာတော်ဒေါက်တာ အရှင်ပဏ္ဍိတဉီးစီးသည့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့နှင့် အခြား အဖွဲ့ အစည်းများပူးပေါင်းကာရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ၊ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိလျက်ရှိကြောင်းသိရှိရပါသည်။
အလားတူ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့ တွင်လည်း ရေကြီးရေလျှံမှုများဆက်လက်ဖြစ်ပွားလျက်ရှိရာ (၉-၈-၂၀၁၉) နေ့အခြေအနေအရ စုစုပေါင်း လူဉီးရေ (၄၆၀၀၀) ခန့်သည် ယာယီရေဘေးရှောင်နေရာများတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များနှင့်ပူးပေါင်းကာ အရေးပေါ်တုံ့ပြန်ရေး၊ ထောက်ပံ့ကူညီရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိ ပါသည်။
မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ် ဇွန်လမှ စက်တင်ဘာလခန့်အထိကာလအတွင်း ရေကြီးရေလျှံမှုများကို ကြုံတွေ့ ရလေ့ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် မိုးရာသီမတိုင်မီ ကာလအတွင်းကပင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် တွေ့ဆုံကာရေဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးမှုများ လျော့နည်းသက်သာစေရေးလုပ်ငန်းများ၊ ဒေသခံလူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်၍ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ဖိုက်ဘာစက်လှေများ၊ အသက်ကယ်အင်္ကျီများ၊ ရေစုပ်စက်များ ကြိုတင်ထောက်ပံ့ထားရှိပါသည်။ရေဘေးအန္တရာယ် ဖြစ်ပွားချိန်တွင်လည်း ထပ်မံလိုအပ်သည့်လှေများ၊ အသက်ကယ်အင်္ကျီများ၊ ရေသန့်ဆေးများ ထပ်မံပေးပို့ ထောက်ပံ့ကူညီလျက်ရှိပါသည်။ မွန်ပြည်နယ်အနေဖြင့်လည်း ၂၀၁၈ ခုနှစ်၊ ရေဘေး အတွေ့အကြုံများအရ ကြိုတင်ပြင်ဆင်မှု များဆောင်ရွက်နိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် (၁၄-၇-၂၀၁၉)နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ သဘာဝဘေး ကူညီကယ်ဆယ်ရေးအဖွဲ့အသီးသီးမှအဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများဆောင်ရွက်ခဲ့ပါသည်။
ပြည်သူလူထုအနေဖြင့်လည်း ယခုကဲ့သို့ ရေကြီးရေလျှံမှုများဖြစ်နေစဉ် ကာလအတွင်း အောက်ပါအချက်များကို သတိပြုလိုက်နာ ဆောင်ရွက်ရန် နိုးဆော်အပ်ပါသည်-
 မိမိတို့ဒေသ၌ ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ၊ မြစ်ကမ်းပါပြိုနိုင်မှုများ၊ တောင်ကျချောင်းများတွင် ရေစီးအား ပြင်းထန်မှုများဖြစ်ပေါ်တတ်သည့် အခြေအနေကို လေ့လာသိရှိထားရန်၊
 မိုးသည်းထန်စွာရွာသွန်းချိန်၊ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည့်အချိန်များတွင် အန္တရာယ်ရှိသည့် မြစ်ချောင်း များအနီး၊ တောင်ပြို၊ မြေပြိုမှုများဖြစ်ပွားနိုင်သည့်နေရာများ၊ တောင်ကျချောင်းများအနီး သွားလာနေထိုင်ခြင်းများမှ ရှောင်ရှားကြရန်၊
 ရေကြီးမှုများဖြစ်ပေါ်နေချိန် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများကို တစ်ဉီးတည်း ထားခဲ့ခြင်း၊ သွားလာစေခြင်းများမှရှောင်ရှားရန်၊
 ရေကြီးရေလျှံမှုများထဲတွင် သွားလာရန် လိုအပ်လာပါကလည်း တတ်နိုင်ပါက အသက်ကယ်အင်္ကျီ၊ ကားတာယာကျွတ်ကဲ့သို့ အသက်ကယ်ဘောကွင်းများအသုံးပြုသွားလာရန်၊
 ရေထဲဖြတ်သန်းသွားလာရပါက တုတ်ဖြင့် စမ်းထောက်သွားလာရန်၊
 လျှပ်စစ်မီးအန္တရာယ်၊ မြွေ၊ ကင်းစသည့် အဆိပ်ရှိသတ္တဝါများ၏ အန္တရာယ်ကို သတိပြုရန်
ပြည်သူလူထုအနေဖြင့် မိုးလေဝသဆိုင်ရာ သတင်းအချက်အလက်များ၊ သတိပေးချက်များကို အလေးထား ဂရုပြုလိုက်နာရန်နှင့် အကူအညီလိုအပ်ပါက ဒေသအလိုက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးများသို့ ဖြစ်စေ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(ရုံးချုပ်) Hot Line နံပါတ် များဖြစ်သော ၀၆၇-၃၄၀၄၆၆၆၊ ၀၆၇-၃၄၀၄၇၇၇ သို့ ဖြစ်စေအကူအညီတောင်းခံနိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ နှိုးဆော်ထားပါသည်။

Source: Relief Section

#ha_fld
#npw_aug2019

Sign Up

Upcoming Events